အထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးသစ်များကို တောင်သူများထံဖြန့်ဝေပေးသွားမည်

14/01/2020 11:08 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပင်ပိုင်းဆိုင်ရာကြီးထွားမှုကောင်းပြီး အထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးသစ်များကို တောင်သူများထံ ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ ပဲလွမ်းမျိုးများကို နောက်တစ်ရာသီမှာ ဆက်လက်သုတေသနပြုဆောင်ရွက်သွားမှာဖြစ်ပြီး ရလဒ်ကောင်းထွက်ရှိလာတဲ့ မျိုးသစ်များကို တောင်သူများထံ ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောပါတယ်။

ထွက်နှုန်းကောင်းတဲ့ ပဲလွမ်းမျိုးတွေကို ရှာဖွေတွေ့ရှိထားတာ အခုဆို ဒုတိယအကြိမ်မြောက်ဖြစ်သွားပါပြီ။ ဆက်လက်ပြီးတော့လည်း နောက်ထပ်တစ်ရာသီမှာ သုတေသနပြုသွားမယ်။ ရလာတဲ့မျိုးသစ်ရဲ့ ရလဒ်ကိုလည်း သေချာပြီဆိုတာနဲ့ တောင်သူတွေထံ ဖြန့်ဝေပေးသွားမှာပါ

ပဲလွမ်းမျိုးများကို အထွက်နှုန်းနဲ့ အရွက်၊ ပင်စည်စတဲ့ပင်ပိုင်းဆိုင်ရာ အလေးချိန်ကောင်းတဲ့ ပဲလွမ်းမျိုးများ ရှာဖွေခြင်းသုတေသနကို (၂၀၁၉ - ၂၀၂၀) ခုနှစ်မှာ သုတေသနအဖြစ် စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပဲလွမ်းမျိုး(၁၈)မျိုးထဲကမှ ကြီးထွားမှုကောင်းတဲ့ ပဲလွမ်းမျိုး(၇)မျိုးကို ရွေးချယ်နိုင်ခဲ့ပြီး  (၂၀၁၉ - ၂၀ ၂၀)ခုနှစ်မှာ ဆက်လက်သုတေသနဆောင်ရွက်ခဲ့ကာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုကောင်းတဲ့ မျိုးများကို ရှာဖွေတွေ့ရှိခဲ့ပြီး တောင်သူများထံ မကြာမီ ဖြန့်ဝေနိုင်တော့မှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်