ဂျုံမျိုးများကို မြို့နယ်(၈) မြို့နယ်မှာ ဖြန့်ဝေပေးသွားမည်

19/09/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြို့နယ်(၈) မြို့နယ်မှာ အထွက်ကောင်းတဲ့  ဂျုံမျိုးများကို ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

   အခုလာမယ့် ဂျုံရာသီမှာ အထွက်ကောင်းတဲ့ ဂျုံမျိုးများကို ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။

   “အခုလာမယ့် ဂျုံရာသီမှာ မြို့နယ်အလိုက် အထွက်ကောင်းတဲ့မျိုးတွေကို ပြသသွားမယ်။ ပြီးရင် တောင်သူတွေကို ဖြန့်ဝေပေးသွားမယ်။ အခုက အထွက်တိုးမယ့် ဂျုံစိုက်ပျိုးနည်းစနစ်တွေကလည်း တောင်သူတွေအနေနဲ့ လိုအပ်နေတယ်”

   ဂျုံပင်ကို ပင်းတယ၊ နောင်ချို၊ ကျောက်မဲ၊ မုံရွာ၊ မြင်းမူနဲ့ ပြင်ဦးလွင်တို့မှ အများဆုံးစိုက်ပျိုးကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

   အဆိုပါစီမံကိန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်