နွားနို့ကနေ ထောပတ်လုပ်ကြည့်မယ်

24/12/2019 13:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထောပတ်တွေကို အပြင်မှာမဝယ်ရတော့ပဲ ကိုယ်တိုင်စိတ်ကြိုက်လုပ်နိုင်တဲ့ အိမ်တွင်းထောပတ်လုပ်နည်းလေးကို မျှဝေပေးပါရစေ။ နွားနို့စိမ်း ဂါလံဝက်နဲ့ ဆားအနည်းငယ်ပဲ လိုအပ်ပါမယ်ဗျ။

ပြုလုပ်နည်းတွေကတော့.....

 ၁။ နွားနို့အစိမ်းတွေကို အဝကျယ်ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက် ၂ ရက်လောက် ထားလိုက်ပါ။ နို့ထဲက ခရင်မ်အဖတ်တွေဖြစ်ဖို့ အချိန်ပေးတဲ့သဘောပါ။ လိုချင်တဲ့အနေအထားလောက် ခရင်အဖတ်တွေရပြီဆိုရင်တော့ ထောပတ်လုပ်လို့ရပါပြီ။

၂။ ထောပတ်လုပ်ဖို့ အတွက် အသုံးပြုမယ့်ဖန်ပုလင်းတွေကို ရေနွေးနဲ့ပြုတ်လိုက်ပါ။ ပိုးတွေသေမှ ထောပတ်က တာရှည်အထားခံမယ်ဗျ။ ၁၀ မိနစ်လောက်ပြုတ်ရင် ရပါပြီ။ 

၃။ ပြီးရင်တော့ ရေခဲသတ္တာထဲမျာရှိတဲ့နို့ပုလင်းထဲက အပေါ်ယံတက်နေတဲ့ မလိုင်ဖက်တွေကို ဆယ်ယူပြီး ပိုးသန့်ထားတဲ့ ပုလင်းထဲထည့်ပါ။

၄။ ထောပတ်ဖြစ်တာပိုမြန်အောင်လို့ နို့ချဉ် ၂ ဇွန်းလောက် ထည့်ပါ။ ဗီနီကာထည့်လည်းရပါတယ် ။

၅။ ပြီးရင်တော့ အဖုံးပိတ်ပြီး ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရောက်အောင် အအေးခံလိုက်ပါ။ ရေခဲပုံးထဲထည့်ပြီးအအေးခံလို့ရပါတယ်။ 

၆။ အအေးခံပြီးရင်တော့ အဖုံးကိုကြပ်ကြပ်ပိတ်ပြီး ၅ မိနစ်ကနေ ၁၂ မိနစ်လောက်ထိ လှုပ်ပါ။ အထဲက မလိုင်ဖက်တွေ စခဲတာကို တွေ့ရမှာပါ။ မလှုပ်ချင်ဘူးဆိုရင်တော့ မွှေတဲ့အတံလေးကို သုံးလို့ရပါတယ်ဗျ။

၇။ ထို့နောက် အဝတ်ပါးစလေးနဲ့ မလိုင်ဖက်တွေကို စစ်ယူပါ။ စစ်ပြီးသား အဖတ်တွေပါတဲ့ အဝတ်ပါးစထုပ်လေးကို ရေခဲရေထဲထည့်အအေးခံပါ။ ပြီးရင်တော့ ရေတွေပြောင်အောင်စစ်လိုက်ပါ။ အဝတ်ပါးစလေးထဲမှာ ထောပတ်အခဲလေးကို ရနိုင်ပါပြီ။

၈။ ဆားအနည်းငယ်ဖြူးပြီး ကြိုက်နှစ်သက်ရာ အနံတွေရောစပ်နိုင်ပါတယ်။ ပုလင်းသန့်သန့်ထဲမှာသိမ်းမယ်ဆိုရင် ၃ ပတ်အထိ သိမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းရင်တော့ ၆ လ ကနေ ၁၂ လထိသိမ်းထားနိုင်ပါတယ်ဗျ။

ကဲဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အိမ်မှာပဲ ထောပတ်လုပ်စားလို့ရသွားပါပြီဗျာ။

ထွန်းရာဇာ

Ref;  https://www.wikihow.com/Make-Butter-from-Raw-Milk

How to Make Butter from Raw Milk

Making butter from raw, unpasteurized milk is a fun way to create your own dairy product. Let the cream from raw milk float to the top and then spoon it into a jar. Decide if you'd like to culture the butter which will give it a slight...

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်