အယ်ကိုဟောပါဝင်မှုနည်းနည်းနဲ့ အိမ်တွင်းဖြစ်ဝိုင်လေး လုပ်သောက်ရအောင်

30/08/2019 21:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   နာနတ်ဝိုင်ပြုလုပ်တဲ့အခါမှာ နာနတ်သီးခြောက်၊ စည်သွပ်ထားတဲ့နာနတ်သီးတို့ကိုလည်း အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ လတ်လတ်ဆတ်ဆတ်နာနတ်သီးနဲ့ ပြုလုပ်တဲ့ အနံ့၊ အရသာ ကိုတော့ မီမှာမဟုတ်ပါဘူး။ 

   ပထမဉီးစွာ မှည့်ပြီးပျော့တဲ့အပိုင်းကို ရွေးထုတ်ထားပြီး အနာဖြစ်တဲ့အပိုင်း မှိုတက်တဲ့အပိုင်းများရှိပါက ဖယ်ထုတ်ပစ်လိုက်ပါ။ အကယ်၍ မကောင်းတဲ့အပိုင်း အနည်းငယ်ပါသွားရင်တောင် ဝိုင်ကိုပျက်ဆီးစေနိုင်ပါတယ်။ မှို၊ ဘက်တီးရီးယားများမဝင်အောင်လည်း အဖုံးများအုပ်၍ ကာကွယ်မှုပြုလုပ်ရပါမည်။

ပါဝင်သောပစ္စည်းများ

၁။ နာနတ်သီးအမှည့်- ၃ လုံး

၂။ ရေ- ၁၂လီတာ

၃။ သကြား- ၃ ပိဿာ

၄။ သုံပုရာသီး- ၄လုံး

၅။ ဝိုင် တစေး(ကဇော်)

ဝိုင်ပြုလုပ်ပုံအဆင့်ဆင့်

- ရေဆေးထားသော နာနတ်သီးများကို အခွံခွာ၍ အတုံးသေးလေးများလှီးပါ။ ရေ ၁၂ လီတာနှင့် သကြား ၃ ပိဿာတို့ကိုကျို၍ လှီးထားသောနာနတ်သီးများကိုထည့်ကာ ၆ မိနစ်လောက်တည်ပါ။ ထို့နောက် နွေးသွားသည်အထိ အအေးခံပါ။

- ပလတ်စတစ်ဗူး(သို့မဟုတ်) ပုလင်းထဲသို့ တစေးအခြောက် ၈ ဇွန်း(ထမင်းစားဇွန်း)၊ သံပုရာရည်နှင့် အအေးခံထားသော နာနတ်သီးအရောပါအရည်ကို လောင်းထည့်ပါ။

- အဖုံးဖုံးရာ၌ ဗူးအဖုံးတွင် ပိုက်အရွယ်အစားအပေါက်ဖောက်ကာ ပိုက်ထည့်ပါ။ လက်အိတ်တွင်အပေါက်တစ်ပေါက်ဖောက်ပြီး ပိုက်ကိုစွပ်၍ အဖုံးတွင်အုပ်ပါ။ အုပ်တဲ့နေရာတွင်လေလုံစေရန် သရေကွင်းကြိုးဖြင့်ပတ်ပါ။ ပိုက်၏အခြားတစ်ဖက်ကို ရေထည့်ထားသောဗူးထဲသို့ထည့်ထားပြီးကစော်ဖောက်ခြင်းစတင်ပါ။ ဗူးကိုအမှောင်တွင်ထားပါ။ ၁၀-၁၅မိနစ်ကြာလျှင် ပူဖောင်းလေးများထလာမည်ဖြစ်ပါတယ်။

- ၂-၃ ပတ်ကြာသောအခါ အရည်များကိုစစ်ထုတ်၍ ဗူးအလွတ်ထဲသို့လောင်းထည့်ပါ။ ထပ်ပြီးအရင်နည်းတိုင်း လေလုံအောင်ပြုလုပ်ပါ။ 

- တစ်လကြာအောင်ထား၍ နောက်ပိုင်းတွင် မိမိသိုလှောင်ထားလိုသော ပုလင်းများထဲသို့ထည့်ကာသိုလှောင်နိုင်ပါသည်။ သိုလှောင်တဲ့နေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များထွက်ရန် တစ်ခါတစ်ရံအဖုံးကို လေလျှော့ပေးသင့်ပါတယ်နော်။

- နှစ်လကြာသိုလှောင်ပြီးတဲ့အခါ အနံ့အရသာပြည့်စုံတဲ့ နာနတ်ဝိုင်ကို သောက်သုံးနိုင်ပါပြီ။ ဝိုင်ကို အရက်နည်းနည်းနဲ့ အချိုသောက်ချင်သူတွေအတွက် ကစော်ဖောက်ရာတွင် တစေးထည့်ပြီး ၅ရက်မြောက်စီတွင် သကြားကို လိုသလိုထည့်၍ မွှေးပေးနိုင်ပါတယ်။  လေလုံအောင်ပြန်ပိတ်ပေးရန်တော့ သတိပြုရပါမည်။

ကျော့နန္ဒာစိုး

ကိုးကား-  https://moonshiners.club/pineapple-wine-recipe-easy-guide-on-how-to-make-pineapple-wine/

            


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်