ကြက်ဟင်းခါးသီးစပ်မျိုးလိုင်းများ သုတေသနပြုဆောင်ရွက်သွားမည်

24/10/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပူပိုင်းဒေသအတွက် ကြက်ဟင်းခါးသီးစပ်မျိုးလိုင်းများ သုတေသနပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

   တောင်သူများအတွက် သင့်လျော်တဲ့ ကြက်ဟင်းခါးမျိုးများ ရရှိနိုင်ဖို့အတွက် ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။

   “အပူပိုင်းဒေသမှာဖြစ်ထွန်းတဲ့ ကြက်ဟင်းခါးစပ်မျိုးတွေကို သုတေသနပြုဆောင်ရွက်နေတယ်။ တောင်သူတွေနဲ့လည်း သင့်လျော်တဲ့မျိုးဖြစ်ရမှာပေါ့။ အရင်နှစ်ကတော့ သုတေသနပြုဆောင်ရွက်ခဲ့တယ်။ အခုဒီနှစ်မှာလည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားမယ်”

   ကြက်ဟင်းခါးစပ်မျိုးလိုင်းများဖြစ်တဲ့ AVBG 1701၊ AVBG 1702 ၊ AVBG 1703 နဲ့ AVBG 1601 တို့ကို ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံနှင့်ပန်းမာန် သုတေသနဌာနစုမှ ဆက်လက် သုတေသနပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

   တောင်သူများနဲ့သင့်လျော်တဲ့ ကြက်ဟင်းခါးမျိုးများကိုလည်း ကမ္ဘာ့ဟင်းသီးဟင်းရွက်ဗဟိုဌာနနဲ့ ပူးပေါင်းကာ မျိုးစပ်မွေးမြူထုတ်လုပ်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါ တယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်