ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဂေါ်ဖီထုတ်(၇၀၀၀)ကျော် ဒီကနေ့လှူဒါန်းခဲ့

19/05/2020 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်ရှိတောင်သူများမှ ဒီကနေ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဂေါ်ဖီထုတ်(၇၀၀၀)ကျော်ကို လှူဒါန်းခဲ့တာ ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းစီစဉ်မှုဖြင့် ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်ရှိတောင်သူများက ဒဂုံမြို့သစ်တောင်ပိုင်းမှာ လာရောက်လှူဒါန်းတာဖြစ်ကြောင်း အဆိုပါအသင်းမှ ဦးတင်အောင်က ပြောပါတယ်။

ရှမ်းပြည်နယ်ကတောင်သူတွေက အခုလို Covid ဖြစ်နေတဲ့ကာလမှာ ရှမ်းပြည်နယ်ကနေတိုက်ရိုက်လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဂေါ်ဖီထုပ်(၇၀၀၀)ကျော်ကို ဒဂုံမြို့သစ်တောင်ပိုင်းမှာ လှူဒါန်းခဲ့တာပါ

ရှမ်းပြည်နယ် နောင်တရား နဲ့ပင်းတယတောင်သူများက ပါဝင်လှူဒါန်းခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေနဲ့လည်း တောင်သူများအတွက် စျေးကွက်ဖော်ဆောင်ပေးရန်စီစဉ်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်