ရောဂါဖြစ်ပွားလေ့ရှိသည့်ဒေသ
အာလူးစိုက်သည့် ဒေသများတွင် အချိန်တိုင်း ကျရောက်တတ်သည်။ လောင်မည်း ရောဂါဖြစ်ပေါ်မှုကို အားပေး သည့် ရာသီဥတုနှင့်မတူဘဲ မိုးရွာလိုက်၊ နေပူလိုက်ကာလ များ၌ပင် ရောဂါစတင်ကျရောက်လေ့ရှိပြီးတဖြည်းဖြည်း အရွက်များကြွေကျကာ အစာချက်လုပ်မှုကို လျော့နည်းစေကာအထွက်လျော့နည်းစေတတ်သည်။
ရောဂါပင်ပြလက္ခဏာ
အရွက်များတွင် အညိုရောင်ဒေါင့်ကွက်များ စတင်ဖြစ်ပေါ်ပြီး သေနတ်ပစ်မှတ်ကဲ့သို့ ဗဟိုတူ စက်ဝိုင်းရစ်များ ဖြစ်ပေါ်ပေါင်းစပ်သွားကာ အရွက်ခြောက်၍ ကြွေကျသွားသည်။ အာလူးသီးတွင်လည်း အမည်းရောင်ပြောင်းကာ ခြောက်ပုပ်သွားပါသည်။



ကာကွယ်နှိမ်နင်းနည်းများ
ပုံမှန်အားဖြင့် ဤရောဂါအတွက် ဆေးသီးခြားဖျန်းခြင်းမရှိဘဲ လောင်အမည်းရောဂါအတွက် ဖျန်းသော ဆေး အများစုမှာ ဤရောဂါအား ကာကွယ်နှိမ်နင်းနိုင်သည်။ မှတ်ချက်- meralaxyl တစ်ခုတည်းပါဝင်သော ဆေးများ မှာ လောင်မည်းရောဂါတစ်ခုတည်းကိုသာ ကာကွယ်နှိမ်နင်းနိုင်ပြီး ဤရောဂါကို ကာကွယ် နှိမ်နင်း နိုင်ခြင်းမရှိပါ။
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more

ဟာမိုဇင်းပလပ်(စ်)

ဟော့(ပ်)ရိုး(လ်)

ကောင်စယ်

အီမီဒါနေး(လ်)

ပေါ်စီလန်