အ​ရှေ့တောင်အာရှနိုင်ငံများ၏ အဆင့်မြင့်ပညာရေး

13/01/2022 10:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ကိုဗစ်အလွန်ကာလများတွင် စီးပွါးရေးပြန်လည်နလံထူမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဏများ ကျားကန်ထားရန်လိုအပ်သလို ပညာရေးဘက်တွင်လည်း သူများထက် အောက်မကျအောင် သတိရှိရှိနှင့်ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ကျွန်တော်တို့မိတ်ဆွေ အာဆီယမ်နိုင်ငံများ ဆောင်ရွက်နေမှုများကို ကျွန်တော်သိသလောက် ဗဟုသုတအနေနှင့်တင်ပြပါမည်။ 

ကျွန်တော်တို့နိုင်ငံ၏ပညာရေးအသုံးမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုလာသော်လည်း လူတစ်ဦးချင်းကုန် ထုတ်လုပ်မှုရာခိုင်နှုန်းနှင့် ယှဉ်ကြည့်လျှင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းနေပါသေးသည်။

( ) အစိုးရမှပံ့ပိုးပေးသော တက္ကသိုလ်၊ ကောလိပ်များ (Public Higher Education Institutions)

မြန်မာနိုင်ငံတွင် စုစုပေါင်းကျောင်းသားအရေအတွက်မှာ ရှစ်သိန်းကျော်ရှိသော်လည်း အခြားနိုင်ငံများ နှင့်ယှဉ်ကြည့်ပါက ကျောင်းသား/ကျောင်းသူတက်ရောက်နေသူဦးရေ နည်းနေပါသေးသည်။ 

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့တွင် အဆင့်မြင့်ပုဂ္ဂလိကကျောင်းများ များပြားလှပါသည်။ ပါရဂူနှင့် မဟာဘွဲ့များမှာလည်း အခြားနိုင်ငံများထက်ပိုမိုမွေးထုတ်ပေးနေသည်ကို သတိပြုမိစေချင်ပါသည်။    ပုဂ္ဂလိကကဏ္ဍကို အားပေးရမည်ဖြစ်သော်လည်း အရည်အသွေးစစ်ဆေးမှု (Quality Control)၊ အသိအမှတ်ပြုမှု (Accreditation) တို့ဖြင့် အရည်အသွေး (Quality Assurance) ကို ထိန်းချုပ်ရပါမည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူအလိုက် နာမည်ကြီး၊ ရေပန်းစားနေသောဘာသာရပ်များ (Popular Subjects) ကို အောက်ဖေါ်ပြပါဇယားတွင်တွေ့မြင်နိုင်ပါသည်။ 

ဆေးနှင့်ဆေးနှီးနွယ်ဘာသာရပ်များတက်ရောက်မှုမှာ ကျောင်း/သားကျောင်းသူအရေအတွက် နှစ်သိန်းကျော်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှဘွဲ့ရသူနာပြုများမှာ အင်္ဂလိပ်စကားလည်းပြောဆိုနိုင်၊ ဘာသာရပ်လည်းတတ်ကျွမ်းသဖြင့် တစ်ကမ္ဘာလုံး၌ အလုပ်လုပ်ကြကာ (စာရင်းဇယားအရ ဖိလစ်ပိုင်သူနာပြု ၂.၅ သန်းသည် နိုင်ငံပြင်ပတွင် အလုပ်လုပ်နေပါသည်) တိုင်းပြည်ဝင်ငွေများစွာ ရှာပေးလျှက်ရှိပါသည်။

စင်္ကာပူနိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း (၅၈) ကျောင်းက စီးပွါးရေး၊ စီမံခန့်ခွဲရေးနှင့်ဆိုင်သော (Business, Management and Related Subjects) ဘာသာပေါင်း (၆၇၇) ဘာသာသင်ကြားကာ ဘွဲ့ရကျောင်းဆင်းများက တစ်ကမ္ဘာလုံး၌ အလုပ်လုပ်နေကြသည်ကို အားကျဖွယ်တွေ့မြင်နေရပါသည်။ 

ဒေါက်တာမျိုးကြွယ် (ဆင်​ပေါင်ဝဲ)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်