စပါးခွံပေါင်းခံရည်ကို အကျိုးရှိအောင် ဒီလိုသုံးပါ

05/09/2021 18:30 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး ဆုဆွေဖောင်ဒေးရှင်း ဆုဆွေဖောင်ဒေးရှင်း မှ ပေးပို့ထားပါသည်။

(၁)​ ရေနှင့် (၅ မှ ၁၀) ဆအထိ ရောဖျန်းပါက အပင်ငယ်များကို သေစေသဖြင့် ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။

(၂) ရေနှင့် အဆ ၅၀၀ မှ ၇၀၀ ထိရောဖျန်းပါက အမြစ်၊ အရွက်၊ အသီးများ အားကောင်းစေသည်။

(၃) အဝတ်ထူစကြိုးမျှင်ကို ပေါင်းခံရည်ထဲတွင် နှစ်စိမ်ပြီး လယ်ကွက်ထဲတွင် တုတ်ကိုင်းဖြင့် တွဲလောင်းဆွဲပေးထားပါက ဆစ်ပိုးဖလံများမလာရောက်အောင် ဟန့်တားနိုင်သည်။ 

(၄) ရေအဆ ၁၀၀ နှင့် ရောဖျန်းပေးပါက စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကို ကာကွယ်နိုင်သည်။ 

(၅) ပေါင်းခံရည် ၁၆ လီတာနှင့် ကြက်သွန်ဖြူ (၃၀ မှ ၆၀) ကျပ်သားခန့်  ရောစပ်ပြီး သုံးလကြာထားပါ။ ၎င်းဆေးကို ရေအဆ ၁၀၀ မှ ၂၀၀ ရောစပ်ပြီးဖျန်းပါက ပျပိုးနှင့် မှိုရောဂါများကို ကာကွယ်နိုင်သည်။ 

(၆) ဖရဲနှင့် သခွားမွှေးများတွင်ကျရောက်သော စုပ်စားပိုးများအတွက် ရေ ၄ ဂါလံတွင် စပါးခွံပေါင်းခံရည် ၂၀၀ မှ ၃၀၀ စီစီရောစပ်၍ ပက်ဖျန်းနိုင်သည်။ 

ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး တောင်သူလက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်