မြေတိုက်စားမှုကို ဘယ်လိုကာကွယ်ကြမလဲ

04/03/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အရင်တစ်ခေါက်က မြေတိုက်စားခြင်း အကြောင်းကို ပြောပြပေးထားတယ်ဆိုတော့ ခုတစ်ခေါက်ကတော့ မြေ တိုက်စားမှုကိုဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်ခင်ဗျ။

ဖြစ်ပြီးမှ လုပ်မလား ကြိုတင်ကာကွယ်မလားဆိုတော့ခါ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ တဲ့။ လေကြောတွေ မရှည်တော့ပါဘူး။ ကြိုတင်ကာကွယ်လိုရမယ့်နည်းလမ်းတွေက ဘာ ၏တွေဖြစ်မလဲ။

() မြက်ပင်နဲ့ ချုံပင်တွေ ပေါက်ပါစေ၊ စိုက်ထားပါ။

မြေတိုက်စားတယ်ဆိုတာက မြေကြီးက ရေကြောင့်ဖြစ်ဖြစ် လေကြောင့်ဖြစ်ဖြစ် တစ်နေရာကနေ တစ်နေရာကို ရွေ့သွားတာ ဖြစ်ပါတယ်။ မြေကွက်လပ်ဆိုရင်တော့ ဖြစ်မှာသေချာပါတယ်။ အပင်တွေရှိနေတော့ မြေကြီးတွေ တိုက်စားခံရတာကို သက်သာစေပါတယ်။

() မြေဖုံး ထည့်ပေးလို့ ရပါတယ်။

မြေကြီးထဲကို ကောက်ရိုးတွေကို အပေါ်မှာဖုံးပစ်လိုက်၊ မြေကြီးနဲ့ တသားတည်းဖြစ်သွားတယ်။ ဆွေးသွာတယ်။ မြေအစိုဓာတ်ကို ထိန်းပေးနိုင်သလို။ မြေကြီးကိုလည်း နွေးထွေးစေပါတယ်။

() အစောင်းတွေမှာ ဘရိတ်ထားပေးပါ။

စိုက်တဲ့ပျိုးတဲ့ နေရာက တောင်စောင်းဖြစ်နေတယ်ဆိုရင် ပျိုးဘောင်တွေမှာ ဖုံးတဲ့ ဇကာကွက်လိုမျိုး၊ စိုက်ပျိုးရေးမှာသုံးတဲ့ ပလပ်စတစ်စတွေကို သုံးပြီးတော့ စိုက်လို့ရပါတယ်။ အဲ့လိုဆိုရင် အပေါ်က မိုးရိုက်တာကိုလည်း သက်သာစေတယ်။ ပြီးတော့ လေကြောင့်တိုက်စားတာကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

() အရံအတားတွေ လုပ်ပေးလို့ ရပါတယ်။

() ကနေ ()မီတာ (၁၅ ပေကနေ ၂၄ ပေ)လောက် အကွာအဝေးတိုင်းမှာဆိုရင် ကန်သင်းသေးသေးလေးတွေလုပ်ပေးတာက မြေတိုက်စားတာတွေကို သက်သာစေနိုင်ပါတယ်။ အပင်လေးတွေစိုက်ပြီးပဲလုပ်မလား။ သစ်သားတန်းထားမလား အဆင်ပြေတာနဲ့ လုပ်နိုင်ပါတယ်။

() နံရံ

အသေလုပ်တဲ့ နံရံတွေပါ။ သူကတော့ တစ်ချို့စိုက်ခင်းတွေအတွက် အဆင်ပြေနိုင်ပေမဲ့လို့ တစ်ချို့စိုက်ခင်းတွေမှာတော့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အရမ်းစောက်ပြီး တိုက်စားမှုများတဲ့ နေရာတွေအတွက်ကတော့ အဆင်ပြေပါတယ်။

() ရေထုတ်အားကောင်းအောင် လုပ်ပေးပါ။

ရေစိုနေတော့ မြေကြီးက ပျော့နေတာပေါ့။ အဲ့လိုချိန်မှာ မိုးရွာလိုက်ရင် ရေနဲ့ မြေက ပါသွားမှာ အသေအချာပါပဲ။ ဒါကြောင့် မြေကြီးက ရေသိပ်မဝပ်အောင် လုပ်ပေးပါ။

() ရေလောင်းတာကို တတ်နိုင်သလောက် ဆင်ခြင်ပါ၊

မလိုအပ်ပဲ ရေလောင်းတာ ရေတွေ အိုင်နေတာမျိုးကတော့ သိပ်အဆင်မပြေဘူးဆိုတော့ ရေအစိုဓာတ်ကို ကြည့်ပြီးတော့မှ လောင်းပေးတာမျိုးက ရေကုန်တာနဲ့ မြေတိုက်စားတာအပြင်ကို အပင်တွေအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။

() ဖိသိပ်တာကို ရှောင်ပါ။

အရမ်းဖိသိပ်ထားတဲ့မြေတွေက ပိုပြီးတိုက်စားခံရဖို့လွယ်ပါတယ်။ အထူးသဖြင့် စိုစွတ်သွားတဲ့အချိန်မျိုးမှာပါ။

အပေါ်က ပြောခဲ့တဲ့နည်းလမ်းတွေက မြေကြီးတိုက်စားခြင်းကို ကာကွယ်နိုင်အောင် လုပ်ပေးတဲ့နည်းမျိုးတွေပါ၊

ခုထပ်ပြောပြမှာကတော့ အပင်စိုက်တဲ့ နေရာတွေမှာ ဘယ်လိုတွေ လုပ်ပေးနိုင်လို့ရလဲဆိုတာကို ဆက်ပြောပါမယ်။

() ကုန်းစောင်းတွေမှာ အပင်တွေ စိုက်ပေးပါ။

အပင်တွေက မြေတိုက်စားခံရတာကို ကာကွယ်ပေးနိုင်ပါတယ်။ မိုးကျတာကို လေတိုက်တာကို ကာကွယ်ပေးထားနိုင်တယ်။ ပြီးတော့ အမြစ်တွေကလည်း ရှိတယ်ဆိုတော့ ကုပ်အားလည်းကောင်းတာပေါ့။

() ထွန်ယက်တာကို လျော့ပါ။

အရမ်းမွနေအောင် ထွန်ယက်တာမျိုးနဲ့ ဆိုရင် လေတိုက်ခတ်ိမှုမှာတင် မြေ တော်တော်များများက ပါသွားပါပြီလေ၊ အဲ့တော့ စိုက်လို့ပျိုးလို့ရအောင် ထွန်ယက်တာနဲ့တင် လုံလောက်ပါပြီ။ မလိုအပ်ပဲ အများကြီးထွန်တာကို လျော့ချပေးဖို့ လိုပါတယ်။

() တောင်စောင်းတွေမှာ စိုက်မယ်ဆိုရင် မြက်တွေလည်း ထားရပါမယ်။

တစ်ချို့အပင်လေးတွေက ခံနိုင်ရည်မရှိကြပဲနဲ့ မြေတိုက်စားခံရတာနဲ့တင် ပါသွားပါလိမ့်မယ်။ အဲ့လိုအမြစ်တိမ် ပွားများမှုနည်းတဲ့ အပင်တွေကို စိုက်မယ်ဆိုရင် ကြားပိုင်းထဲမှာ မြက်ပေါက်နေတာကို အရမ်းကြီး မရှင်းဖြစ်ဖို့ သတိထားရပါမယ်။ ကိုယ်စိုက်ထားတဲ့ အပင်တွေရဲ့ အောက်ခြေလောက်ကို ရှင်းလင်းပြီးတော့ အပင်တွေနဲ့မြက်တွေ အာဟာရတွေ အပြိုင်အဆိုင်မလုယူနိုင်မယ့် အခြေအနေကို ထိန်းသိမ်းပေးပါ။

() စားကျက်မြေကို တစ်လှည့်စီသုံးပါ။

တစ်နှစ်ပတ်လုံး ဒီတစ်ကွက်တည်းကိုပဲ သုံးနေတယ်ဆိုရင် ပြောင်သလင်းကြီးဖြစ်ပြီးတေ့ာ မြေတိုက်စားခံရဖို့ ပိုများလာပါလိမ့်မယ်။ အဲ့လိုဆိုတော့ စားကျက်မြေကို ပိုင်းခြားတာဖြစ်ဖြစ်၊ အကွက်သစ်နဲ့မျှသုံးတာဖြစ်ဖြစ် လုပ်ပေးဖို့ လိုအပ်ပါတယ်။

() မြေဖုံးသီးနှံတွေစိုက်ပါ

အလွတ်ကြီးထားတာထက် မြေဖုံးနိုင်တဲ့ အပင်ပုလေးတွေ စိုက်ထားရင် အကောင်းဆုံးပါပဲ။ ပဲပင်လေးတွေကိုသုံးလို့ရပါတယ်။

() ရေမြောင်း လုပ်ပေးပါ။

တောင်တွေကိုဖြိုပြီး တည်ထားတဲ့ လမ်းတွေမှာဆိုရင် တောင်စောင်းနံရံတွေ ဘေးမှာ မြောင်းလေးတွေဖော်ထားတတ်ကြတယ်။ ခုက အဲ့လိုနည်းကို ပြောတာပါ။ အောက်ဖက်ကို တိုက်စားဖို့ ရေမရောက်နိုင်အောင်နဲ့အရှိန်လျော့သွားအောင် တောင်စောင်းစိုက်ခင်းတွေမှာ မြောင်းကို သုံးလို့ရပါတယ်။

() လှေကားထစ် စိုက်ခင်း

နဂို အစောင်းကနေ လှေကားထစ်လိုလုပ်လိုက်တယ်ဆိုရင် တိုက်စားခံရတာ သက်သာသွားတာပေါ့။ ဒီနည်းကတော့ နာမည်ကျော်ပါပဲ။

ကဲ အဲ့လိုဆိုရင် မြေတိုက်စားတာကို ဘယ်လိုကာကွယ်နိုင်သလဲ ဆိုတာကို သိလောက်ပြီပေါ့။ နားကြပါအုံးစို့….

ထွန်းဝင်းကျော်

https://www.wikihow.com/Prevent-Soil-Erosion

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်