ပြည်ပနိုင်ငံများကို အခြားသရက်သီးမျိုးများတင်ပို့နေ

08/07/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း ပြည်ပနိုင်ငံများကို စိန်တလုံးသရက်အပြင် အခြားသရက်မျိုးများပါ ပိုမိုတင်ပို့နေရကြောင်း မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

အခုနှစ်မှာက စိန်တလုံးသရက်မျိုးအပြင် ပတ္တမြားငမောက်၊ ရွှေဟင်္သာ စတဲ့အခြားသရက်မျိုးများ ပြည်ပနိုင်ငံများက ဝယ်ယူလာတဲ့အတွက် ပိုမိုတင်ပို့နိုင်တာဖြစ်တယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးကျော်စွာဟိန်း ကပြောပါတယ်။ 

“ ဒီနှစ်က အရင်နှစ်တွေနဲ့မတူဘူး။ သရက်သီးတန်ချိန်တွေလည်း အရင်နှစ်ကထက် ပိုမိုတင်ပို့နိုင်တယ်။ အရင်နှစ်ကဆို စိန်တလုံးကိုပဲ အဓိကတင်ပို့နိုင်ခဲ့တာ။ အခုက ပြည်ပနိုင်ငံတွေက ပတ္တမြားငမောက်၊ ရွှေဟင်္သာ အဲဒီမျိုးတွေပါ ဝယ်လာတာတွေရှိလာတော့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်”

ယခုနှစ်အတွင်း စိန်တလုံး၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ မယ်သီနဲ့ သုံးနှစ်သရက်သီးအမျိုးအစားများကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများရှိလာကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့သရက်ကို တရုတ်၊ စင်ကာပူနဲ့ ရှရှားနိုင်ငံများကို အသီးအပြင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့မှုများ ရှိနေတာဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်