အော်ဂဲနစ်ချင်းခြောက်များကို နယ်သာလန်နိုင်ငံကို တင်ပို့သွားမည်

01/08/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လာမည့်သုံးနှစ်အတွင်းမှာ အော်ဂဲနစ်ချင်းခြောက် တန်ချိန်(၃၀၀၀)ကို နယ်သာလန်နိုင်ငံကို တင်ပို့သွားမှာဖြစ်ကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တောင်သူများချင်းကို စီးပွားဖြစ်လုပ်သွားနိုင်ရန်အတွက် အော်ဂဲနစ်ချင်းများကိုစိုက်ပျိုးကာ သုံးနှစ်အတွင်းမှာ တင်ပို့သွားနိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေတာဖြစ်တယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်ကပြောပါတယ်။

“နယ်သာလန်နိုင်ငံကနေပြီးတော့ မှာတဲ့အတွက် တင်ပို့နိုင်ဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာတော့ မျိုးတွေစပြီးစိုက်ပျိုးနေပါပြီ။ လာမယ့်သုံးနှစ်အတွင်းမှာ တင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ တောင်သူတွေလည်း ချင်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ”

အော်ဂဲနစ်ချင်းမျိုးများကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးသွားမှာဖြစ်ပြီး ဧက(၃၀) ဝန်းကျင်စိုက်ပျိုးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

အော်ဂဲနစ်ချင်းခြောက်များကို နယ်သာလန်နိုင်ငံမှ နည်းပညာများနဲ့မျိုးများပေးကာ စီစဉ်လုပ် ဆောင်သွားမှာဖြစ်ကြောင်းလည်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်