ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းတန်ချိန် လေးသိန်းတင်ပို့ထား

22/07/2019 23:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်း တန်ချိန်လေးသိန်းထိ တင်ပို့ထားပြီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မြန်မာ့အစေ့ထုတ်ပြောင်းကို အခုနှစ် ဧပြီလမှစတင်ကာ ထိုင်းနိုင်ငံမှ စတင်ဝယ်ယူမှုများ ရှိလာတဲ့ အတွက် အခုလက်ရှိအချိန်ထိ တန်ချိန်လေးသိန်းခန့် တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးမင်းခိုင် ကပြောပါတယ်။ 

“ တရုတ်ဘက်က သူတို့ပေါ်လစီကြောင့် ဝယ်ယူမှုမရှိခဲ့တာကြာပါပြီ။ အခု ဒီနှစ်မှာ ထိုင်းနိုင်ငံနဲ့ အစေ့ထုတ်ပြောင်းတင်ပို့ဖို့ ဆွေးနွေးခဲ့တယ်။ ဧပြီလမှာ စပြီးတင်ပို့ခဲ့တာပါ။ ဒီလကုန်ထိပဲ တင်ပို့ရတော့မယ်။ ဟိုဘက်မှာကျတော့ နောက်လဆို ပြောင်းထွက်တဲ့ရာသီ ရောက်နေပြီဆိုတော့ မဝယ်တော့ဘူး။ အခုလက်ရှိထိဆို တန်ချိန်လေးသိန်းခန့်လောက် တင်ပို့ပြီးသွားပြီ”

မြန်မာ့အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကထားစိုက်ပျိုးလျက်ရှိနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အခြားပြည်နယ်များတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း အဆိုပါအသင်းမှသိရပါတယ်။

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကို အဓိကထားစိုက်ပျိုးလျက်ရှိနေပြီး အခုလက်ရှိမှာ ထိုင်းနိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်