မြန်မာ့လျှော်ဖြူ ပြည်ပတင်ပို့မှုရပ်ဆိုင်းနေ

23/03/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယခုလက်ရှိအတွင်း မြန်မာ့လျှော်ဖြူ ပြည်ပတင်ပို့မှုမှာ လုံးဝရပ်ဆိုင်းနေကြောင်းမြန်မာနိုင်ငံလျှော်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

    ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပကိုတင်ပို့နေတဲ့ လျှော်ဖြူစျေးကွက်မှာ ဝယ်ယူမှုမရှိတော့တာကြောင့် တင်ပို့မှုရပ်ဆိုင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောပါတယ်။

အခုထိ တရုတ်ကိုလည်းတင်ပို့လို့မရပါဘူး။ လာဝယ်သူလည်းမရှိပါဘူး။ ဝူဟန်ရောဂါဖြစ်ပြီး တစ်ပတ်ကြာတော့ ပြည်ပတင်ပို့မှု ရပ်ဆိုင်းသွားတာအခုအချိန်ထိပါပဲ

    မြန်မာ့လျှော်ဖြူမှာ ပြည်ပနိုင်ငံများကို တင်ပို့မှုရပ်ဆိုင်းနေပေမယ့်လည်း ပြည်တွင်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

    မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်