ယခုနှစ်အတွင်း သခွားမွှေးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
သခွားမွှေးကို ပြည်ပဝယ်လိုအားကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးလွင် ကပြောပါတယ်။
“ဒီနှစ်လည်း စိုက်အားကကောင်းမှာပါပဲ။ ဖရဲ၊ သခွားကို ပုံမှန်အတိုင်းပဲစိုက်ပျိုးတာထက် သခွားမွှေးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမယ်။ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) လျှောက် ထားတဲ့ တောင်သူတွေကလည်း များလာတယ်ဆိုတော့ ပြည်ပကို ပိုမိုတင်ပို့နိုင်ဖို့အတွက် စိုက်ပျိုးသွားမှာပါ”
မြန်မာ့သခွားမွှေးကို စစ်ကိုင်းတိုင်းဒေသကြီ ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထားကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
ဖရဲ၊ သခွားကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပနိုင်ငံဈေးကွက်သစ်များကိုလည်း တင်ပို့နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ