မြန်မာနိုင်ငံရဲ့ ရာသီဥတုစံနှုန်းစနစ်တွေ ပြောင်းလဲမှုများရှိလာတာကြောင့် တောင်သူလယ်သမားများ သိရှိရန်လိုအပ်ကြောင်း ဇွန်လ (၂၂) ရက်နေ့က Novetel Hotel မှာကျင်းပပြုလုပ်တဲ့ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲမှ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုစံတွေ ပြောင်းသွားပြီဖြစ်တဲ့အတွက် မိုးရာသီကာလဟာ စံနှုန်းအသစ်တွေ ဖြစ်လာတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“မိုးဝင်တာနောက်ကျတာ စောတာကို ရာသီဥတုကို လေ့လာနေသူတွေကတော့ သိတယ်။ လယ်သ မားတွေကျတော့ ဘယ်သိပါ့မလဲ။ လယ်သမားကတော့ အချိန်တန်ရင် လယ်ကွင်းဆင်းတာပေါ့။ ပျိုးကထောင်ပြီ။ မိုးမျှော်ပြီ။ မိုးကမလာဘူး။ အဲတော့ မျိုးတွေပုပ်ကုန်ရော။ ကျွန်တော်တို့ စံတွေပြောင်းသွားပြီ။ ကျွန်တော်တို့ လိုက်လျောညီထွေ ကျင့်သုံးဖို့လိုပါတယ်။ အထူးသဖြင့် လယ်သမားတွေ သိဖို့လိုပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မိုးရွာသွန်းမှုနှုန်းတွေဟာ ပုံစံအသစ်ဖြစ်နေပြီ”
မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီမှာ အဝင်နောက်ကျလာတဲ့အတွက် မိုးရာသီကာလမှာ ယခင်ကထက် ရက် (၄၀) လျော့သွားတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ရာသီဥတုစံနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်တာကြောင့် တောင်သူလယ်သမားများကို သက်ဆိုင်ရာ ဌာနများကလည်းအသိပေး ရန်လိုအပ်ကြောင်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ