ဆိတ်မတွေက မွေးပြီးဘယ်လောက်ကြာရင် သားပြန်တောင်းပါသလဲ

23/08/2021 18:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဆိတ်မများသားပေါက်ပြီး ပုံမှန်အားဖြင့် ၁၄ ရက်ကနေ ၂၁ ရက်အတွင်း မြိုင်ပေါ်ပါတယ်။ ရာသီဥတု၊ အစားအသောက်၊ ဆိတ်သိုးပေါ်မူတည်ပြီး တစ်လလောက်နေပြီးမှလည်း ပေါ်တတ်ပါတယ်။

    ဆိတ်မများ မွေးပြီး ရက်သတ္တပတ် (၂) ပတ်ထိ သားအိမ်အတွင်းမှ ကြွင်းကျန်သွေးများ ဆင်းလေ့ရှိပါတယ်။

    သာမန်အားဖြင့် ပထမဆုံးပေါ်တဲ့မြိုင်ကာလမှာ သားမတင်သင့်ပါဘူး။ ဆိတ်သားပေါက်များရှိတဲ့အတွက် ဆိတ်မ ဇီးတက်ပြီးနောက် ၂ လဝန်းကျင်လောက်သာ နို့ထွက်တော့မှာပါ။ ဇီးတက်ပြီးနောက် ၂ လနောက်ပိုင်းမှာ နို့မချတော့ဘဲ နို့နည်းလာပါတယ်။

    ဇီးကို အလျင်စလို ပြင်ဆင်မူမရှိဘဲတင်လိုက်ရင် ဆိတ်ပေါက်လေးတွေမှာ ပြသာနာဖြစ်လာပြီး ဆုံးရှုံးမူတွေ ကြုံရတတ်ပါတယ်။

    ဆိတ်ပေါက်လေးများကို တစ်လသားအရွယ်ကတည်းက နို့ဗူးတိုက်ခြင်းနဲ့ အစာအလေ့အကျင့် လုပ်ပေးလို့ရပါတယ်။ အစာအလေ့အကျင့်လုပ်ပေးထားတဲ့ ဆိတ်ပေါက်လေးတွေဟာ ၂ လသားလောက်မှာ အစာစကောက်တတ်နေပါပြီ။ အစာကောက်တတ်လာတဲ့ ဆိတ်ပေါက်လေးများအတွက် မိခင်ဆိတ်မရဲ့နို့ မလိုအပ်တော့ပါဘူး။ ဆိတ်သားလေး အသက် (၈) ပတ်ပြည့်တဲ့အထိ နို့တိုက်ပေးဖို့ လိုအပ်ပါတယ်။

    ဆိတ်မရဲ့ တစ်နှစ်တာမှာ နှစ်သားနဲ့တစ်ဗိုက်ရဖို့အတွက် လိုအပ်ချက်၊ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ်။ အလွယ်နည်းနဲ့ စားကျက်မှာလွှတ်ကျောင်းပြီး နှစ်သားနဲ့တစ်ဗိုက်ရနိုင်ပေမယ့် ဆိတ်သားပေါက်များကိုတော့ ဆုံရှုံးမှုကြုံရလာနိုင်ပါတယ်။

Ref : Https://www.facebook.com/pktbreederfarm/

Https://www.facebook.com/pktgoatfarm/


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်