ရှားစောင်းလက်ပတ် သဘာဝမြေဩဇာ

21/10/2020 11:45 AM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား

     ဒီနေ့ကတော့ လွယ်ကူသလောက်ထိရောက်တဲ့ ရှားစောင်းလက်ပတ် သဘာဝမြေဩဇာပြုလုပ်နည်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အဓိကကုန်ကြမ်းပစ္စည်းကလဲ ရှာရလွယ်တဲ့ရှားစောင်းလက်ပတ်မလို့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ နောက်ပြီး အပင်တိုင်းအတွက် အသုံးပြုလို့ရတဲ့ သဘာဝမြေဩဇာဖြစ်လို့ ပိုပြီးအဆင်ပြေတာပေါ့။ 

     ရှားစောင်းလက်ပတ်မှာဆိုရင်လည်း အပင်တွေမှာလိုအပ်တဲ့ ပိုတက်စီယမ်(Potassium)၊ ကယ်လဆီယမ်(Calcium)၊ မဂ္ဂနီဆီယမ်(Magnesium)၊ ကော့ပါး(Copper)၊ ဇင့်(Zinc)၊ ဆယ်လီနီယမ်(Selenium)နဲ့ ဗီတာမင်A, C, E, B12, B2, B6တို့ပါဝင်ပါတယ်။

သဘာဝမြေသြဇာလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများ

     - ရှားစောင်းလက်ပတ်- တစ်ပင်(သို့) အရွက်ကြီးရင် ၂ ရွက် ၃ရွက် 

     - ရေ- ၁.၅ လီတာ 

     - ရေကိုအတိအကျကြီးချိန်နေစရာမလိုပါဘူးနော် ခန့်မှန်းချေလေးဆိုရင်ရပါတယ်။ ပမာဏများများလုပ်မယ်ဆိုရင် ဒီအချိုးလေးအတိုင်းပဲတိုးပြီးလုပ်ပေးနော်။

ပြုလုပ်နည်း 

     - ရှားစောင်းလက်ပတ်ကို အတုံးလေးတွေ ပြုလုပ်ပေးပါ။ 

     - ပြီးနောက် ပုံးထဲထည့်ပြီး ရေထည့်ပါ။ 

     - အဖုံးအုပ်ပြီး (၅)ရက်ခန့်ထားပေးပါ။

     - (၅)ရက်ပြည့်ပြီးရင် အသုံးပြုလို့ရပါပီ။

     - အရည်သီးသန့်စစ်စရာမလိုပါဘူးနော်။ မွှေပြီးအသုံးပြုပေးပါ။

     အိုးနဲ့စိုက်ထားတဲ့အပင်ဆိုရင် ကော်ဖီခွက်တစ်ခွက်စာလောက်ဆိုရပါပြီ။ စိုက်ခင်းဆိုရင်လဲ သင့်တော်သလိုအသုံးပြုပေးလို့ရပါတယ်။ (၁၅)ရက်တစ်ကြိမ် အသုံးပြုပေးရင်လုံလောက်ပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေရှင်။

Ref: https://www.youtube.com/watch?v=3vNV6Sv_iCQ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်