ငါးမုန့်ခြောက် ကိုယ်တိုင်လုပ်ကြည့်ကြမယ်

20/08/2021 10:45 AM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

    ငါးမုန့်ခြောက်ကို လူတိုင်း တရင်းတနှီးစားဖူးကြပေမယ့် ငါးမုန့်လုပ်နည်းလေးကို သိကြသူ နည်းပါလိမ့်မယ်။ ဒါ့ကြောင့် ငါးမုန့် (Fish Cracker) ပြုလုပ်နည်းလေးကို​ ပြောပြပေးပါမယ်။

ငါးမုန့် ပြုလုပ်ဖို့အတွက် -

၁။ ငါးခြစ် တစ်မျိုးမျိုး (ငါးကွမ်းရှပ်၊ ပလာတူးငါးကို အသုံးများကြပါတယ်)

၂။ ဆိုဒါ၊ ကော်မှုန့်

၃။ ကြက်ဥ

၄။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း တို့လိုအပ်ပါတယ်။

ပြုလုပ်နည်းမှာ -

၁။ ပထမဦးစွာ ငါးတစ်မျိုးမျိုးကို အသားချည်းခြစ်ယူပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

၂။ ချင်း၊ ကြက်သွန်ဖြူ / နီကို ညက်နေအောင်ထောင်းပါ။ ဆိုဒါ နှင့်ကော်မှုန့်တို့ကို ရောဖျော်ထားပါ။

၃။ ပြီးစီးပါက ရေခဲသေတ္တာထဲက ငါးခြစ်ကိုထုတ်ယူပြီး ကြက်ဥနှင့် ထောင်းထားသော ချင်း၊ကြက်သွန်ဖြူ/နီတို့ဖြင့် သမအောင်နယ်ပါ။

၄။ သမအောင်နယ်ပြီးပါက ဆိုဒါ၊ ကော်မှုန့်အရည်တို့ဖြင့် ထပ်နယ်ပါ။

၅။ နယ်ပြီးလျှင် အလုံးရှည်ရှည်လေးဖြစ်အောင် ပြုလုပ်ပါ။

၄။ ပြုလုပ်ပြီးပါက  ပေါင်းအိုးဖြင့် (၄၅) မိနစ်ခန့်ပေါင်းပါ။

၅။ ပေါင်းပြီးလျှင် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်ကြာ အအေးခံပါ။

၆။ (၂) နာရီပြည့်လျှင် ထုတ်ယူပြီး အဝိုင်းပါးပါးလေးဖြစ်အောင် လှီးပါ။

၇။ လှီးပြီးပါက နေပူထဲတွင် ခြောက်သွားအောင် လှန်းထားပါ။

၈။ ခြောက်သွားလျှင် ငါးမုန့်အဝိုင်းလေးတွေကို ဆီများများထဲတွင် အနေတော်လေး ထည့်ကြော်ပြီးပါက အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

ပင်လယ်ပြာ(ငါးဦးစီး)

Ref: ဂမုန်း၏ “ငါးမုန့်ခြောက် လုပ်နည်း”။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်