ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီး ရေလျှံမူကြောင့် မိုးစပါးစိုက်ဧက လေးသိန်းခွဲနီးပါး ရေမြုပ်

03/08/2018 09:56 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် ရေကြီးရေလျှံမူများကြောင့် ဇူလိုင် ၂၉ ရက်အထိ မိုးစပါးစိုက်ဧက ပေါင်း ဧက ၄၄၄၉၉၀ ရေဝင်နှစ်မြုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိုးစပါး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသအလိုက် စိုက်ပျိုးချိန် ကွာခြားသော်လည်း တစ်လကျော် သက်တမ်းရှိ ကောက်ပင်များအနေဖြင့် ရေမြုပ်သည့်အခါ တစ်ပတ်ကျော်အထိ ခံနိုင်ရည်ရှိပြီး ယင်းရက်ထက် ရှည်ကြာသွားပါက ပြန်လည် စိုက်ပျိုးရမည်ဖြစ်ကြောင်း စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ နေ့စဉ်မပြတ် ရွာသွန်းခဲ့သော မိုးများကြောင့် မြစ်ရေများ မြင့်တက်ခြင်း၊ ချောင်းများ ရေလျံခြင်းနှင့် တောင်ကျရေများ ဝင်ရောက်ခြင်းတို့ကြောင့် တောင်ငူခရိုင်တွင် ဧက ၅၆၅၂၀၊ ပဲခူးခရိုင်တွင် ၂၈၀၂၄၈ ဧက ၊ ပြည်ခရိုင်တွင် ဧက ၅၈၅၉၀၊ သာယာဝတီခရိုင်တွင် ၄၉၆၃၂ ဧက ရေဝင်နှစ်မြုပ်ခဲ့ပြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ် တစ်ခုတည်းပင် မုန်းချောင်း၊ ကျောက်ကြီးချောင်းများ ရေလျှံ၍ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအုပ်စု ၃၃ အုပ်စု၊ တောင်သူပေါင်း ၆၅၅၈ ဦး၏ စိုက်ပျိုးပြီး မိုးစပါး ၃၆၃၄၁ ဧက ရေဝင်နှစ်မြုပ်ခဲ့သည်။

 

ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနကတော့ ရေဝင်နှစ်မြုပ် ပျက်စီးသွားတဲ့လယ်တွေ တောင်သူတွေ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်အောင် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက်သွားမှာပါ။ ခုချိန်မှာ ရေဝင်နှစ်မြုပ်တဲ့ မြို့နယ်တွေအတွက် မျိုးတွေရှာဖွေမှုတွေလည်း ဆောင်ရွက်နေပါတယ်" ဟု ကျောက်ကြီးမြို့နယ် ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

 

ပြန်လည် စိုက်ပျိုးကြရမည့် တောင်သူများအနေဖြင့်် ပျိုးထောင်စိုက်ပျိုးလျှင် အချိန်မီနိုင်မည် မဟုတ်သည့်အတွက် ပြန်လည်ထွန်ယက်ခြင်း မျိုးစပါး ရှာဖွေခြင်းတို့အတွက် ကုန်ကျစရိတ် အခက်အခဲ များစွာ ကြုံတွေ့နေကြရပြီး မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စဉ်းစား၍ မရသေးကြောင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ ရေတွင်းကုန်းကြီး ကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

 

 

 

မြန်မာ့အလင်း (2-8-2018)

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်