ကရင်ပြည်တွင်ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိ
ကရင်ပြည်နယ်တွင် စိုက်ခင်းဧက ၂သိန်းကျော်ထဲမှ ရေလွှမ်းစိုက်ခင်းဧက နှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေး ဦး စီးဌာနမှသိရပါတယ်။ ရေလွှမ်းစိုက်ခင်းဧကများထဲမှ ပြန်ပေါ်လာတဲ့ စိုက်ခင်းဧကများကို ရောဂါကာကွယ်ရေးနဲ့နည်းပညာပေးအစီအစဉ်များ လုပ်ဆောင်ပေးနေတာဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးဦးသန်းထိုက်ကပြောပါတယ်။
“ရေလွှမ်းခံရတဲ့စိုက်ခင်း တွေပြန်ပေါ်လာတဲ့အချိန်မှာ ကျရောက်နိုင်တဲ့ရောဂါကာကွယ်ရေး နဲ့နည်း ပညာပေးအစီအစဉ်တွေ သူတို့အတွက်လိုအပ်တဲ့ မျိုး ကရင်ပြည်နယ်အစိုးရအဖွဲ့ကူညီပေးတာပေါ့” ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်ပေါ်လာတဲ့ စိုက်ခင်းဧကများအတွက် မျိုးစပါးတင်း (၅၁၀၀)နဲ့မြေသြ ဇာအိတ်ပေါင်း (၁၀၀၀၀)ကို သက်ဆိုင်ရာဌာနများကို ဖြန့်ဖြူးထားပြီဖြစ်ကြောင်း အဆိုပါဌာနမှသိရ ပါတယ်။
ရေလွှမ်းစိုက်ခင်းဧက ၂၃၅၂၈ ဧက၊ ပြန်ပေါ်စိုက်ခင်းဧက ၅၄၆၈ ဧက ၊ အနည်းငယ်ထိခိုက် ဧက ၇၀၈ ဧက ရှိကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ