စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အောက်တိုဘာလ(၉)ရက် နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (ဘုတလင်-မောင်းထောင်)လမ်း အိုင်ပေါင်းချောင်ကျေးရွာ၊ ဆည်ဝကျေးရွာများရှိ လမ်းဘေး အနိမ့်ပိုင်းလမ်းများနှင့် လူနေအိမ်ဝင်းများသို့ မိုးရေများဝင်ရောက် လျှက်ရှိကြောင်းသိရသည်။
အဆိုပါ မိုးရေနစ်မြုပ်သည့်နေရာများသို့ ယနေ့ ညနေ (၃)နာရီအချိန်ကမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဇော် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ဒေသခံ ကျေးရွာပြည်သူများ သွားရေးလာရေးအဆင်ပြေ ချောမွေ့စေရန် ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။
သတင်းရင်းမြစ် - ရတနာပုံသတင်းစာ
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ