ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကိုးခု ရေလျှံကျနိုင်၍ ဆည်အောက်ကျေးရွာနေပြည်သူများအား သတိပေးချက်များထုတ်ပြန်

26/07/2018 18:41 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

ပဲခူးတိုင်းအတွင်းရှိ ဆည်ကိုးခုတွင် ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ဆည်အောက်ရောက်ရှိနေသည့် ကျေးရွာနေပြည်သူများအား သတိပေးချက်များ ထုတ်ပြန်ပေးနေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၌ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ဆည်ကိုးခုသည် သတ်မှတ်ရေပမာဏထက်ကျော်လွန်လာပြီး ရေပိုလွဲများမှ ဆည်ရေလျှံကျမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 

"ဆည်ကိုးခုရှိမှာ ရေလျှံနေတဲ့အတွက် သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတစ်ဆင့် ဆည်အောက်ကျေးရွာတွေကို သတိပေးထားတာပါ။သတ်မှတ်နှုန်းထားထက် ရေပိုလျှံမှုတွေ ဖြစ်ပေါ်လာရင် ရေလျှော့ချရမယ့် အခြေအနေတွေကိုပါ သတိပေးထားပါတယ်။ဆည်တွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်မှု မရှိအောင်လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်"ဟု အဆိုပါဝန်ကြီးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်က ရှင်းပြသည်။

ဆည်ရေလျှံနေမှုများမှာ ပဲခူးတိုင်းအနောက်ခြမ်းတွင်ခုနှစ်ခုအရှေ့ခြမ်းတွင်နှစ်ခုရှိကြောင်း ဆည်မြောင်းပညာရပ်အရ ရေပိုလွှဲကနေ ရေကျော်တယ်ဆိုတာက ကန်ရဲ့ သိုလှောင်နိုင်မှုပမာဏထက် များလာခြင်းဖြစ်ကြောင်း  စိုးရိမ်စရာ အခြေအနေများ ဖြစ်ပေါ်လာပါကအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ရေပမာဏထက်ကျော်လွန်ပြီးရေပိုလွှဲများမှ ရေလျှံကျလာသော ဆည်များမှာ ပဲခူးတိုင်းအရှေ့ တောင်ငူခရိုင်မှ မင်းရဲရေလှောင်တမံ ၊ ငမြေရေလှောင်တမံ တို့ဖြစ်ပြီး။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်မှ တောင်နဝင်းရေလှောင်တမံ ၊ ဝဲကြီးရေလှောင် တမံ ၊ သာယာဝတီခရိုင်မှ ညောင်ကိုင်းရေလှောင်တမံ ၊ ဝေါရေလှောင်တမံ၊ တောင်ညိုရေလှောင်တမံ ၊ သဲကောရေလှောင်တမံ ၊ မုက္ခာရေလှောင် တမံတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာတိုင်းမ် 

မူရင်းလင့် - https://myanmar.mmtimes.com/news/113348.html


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်