ပန်းဈေးကွက် တစ်ပြည်လုံးအတိုင်းအတာဖြင့် အရောင်းအဝယ်အေးစက်

21/04/2020 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပန်းဈေးကွက် တစ်ပြည်လုံးအတိုင်းအတာဖြင့် အရောင်းအဝယ် အေးစက်နေကြောင်း တောင်သူများက ပြောသည်။

အခမ်းအနားတွေမရှိတော့တဲ့အတွက် ဈေးကွက်က သိသိသာသာကျသွားတာပါ။ ပုံမှန်က တစ်နေ့ကို စံပယ်ပန်း အဖူးရေ ၂သိန်းလောက်ထွက်တာ။ အခုက အဖူးရေ ၂ သောင်း၊ ၃ သောင်းလောက် ဖြုန်းဖို့အရေး မနည်းလုပ်နေရတယ်။ လက်လီရောင်းသူတွေ ရောင်းမကောင်းတော့ ဖောက်သည်ကြီးတွေလည်း ရောင်းမကောင်းဘူး။ ရန်ကုန်ဈေးကွက်ကတော့ ပိုဆိုးပါတယ်။ နောက် ၂ လ၊ ၃ လ လောက်အထိ ဖြစ်နေမယ်ဆိုရင်တော့ တောင်သူတွေအတွက် မလွယ်ဘူး။ ပန်းနဲ့ပတ်သက်တဲ့ အရောင်းအဝယ်မှန်သမျှ အကုန်အေးကုန်တာပါ။ ဈေးကွက်ပျက်တာပဲ။

ဟု ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စံပယ်ပန်းစိုက်ပျိုးရေးခြံမှ တောင်သူ ဦးခင်မောင်မြင့်က ပြောသည်။

နယ်မြို့အသီးသီးမှ တင်ပို့သည့် ကားများ အဝင်အထွက်နည်းပါးခြင်း၊ ဈေးများ အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်း စသည်တို့ကြောင့်လည်း ပန်းဈေးကွက်ကျဆင်းလာခြင်း ဖြစ်သည်။

ပန်းတင်ပို့တဲ့ကားတွေ အသွားအလာနည်းသွားတယ်။ ဈေးကလည်း ရောင်းလို့မရဘူး။ ပန်းလိုက်ရောင်းတဲ့ ဖောက်သည်လေးတွေလည်း ခြံတံခါးဝကနေပဲ လှမ်းရောင်းရတယ်။ ဝယ်သူတွေကလည်း ရောဂါကူးမှာ ကြောက်တာပေါ့လေ။

ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ပန်းစိုက်ပျိုးရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့တွင် အဓိက စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်

 ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်