အရိပ်ကျရောက်မှုကိုနှစ်သက်သည့် ဝဥပင်ကို နှစ်ရှည်ပင်အမျိုးအစားများဖြစ်သည့်ထောပတ်ပင်၊ ကော်ဖီပင်၊ လက်ဖက်ပင်များနှင့် ကြားညှပ်စိုက်ပျိုးလာကြောင်း ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးနေသူများထံမှ သိရသည်။
အခုနောက်ပိုင်းမှာဆိုရင် ဝဥပင်ကို နှစ်ရှည်ပင်တွေကြားမှာ စိုက်ပျိုးလာကြပြီ။တောင်စောင်းနေရာမျိုးတွေမှာဆိုရင် ဝဥပင်ကို နှစ်ရှည်ပင်ဖြစ်တဲ့ ထောပတ်ပင်နဲ့ ကြားညှပ်ပြီးတော့ တောင်စောင်းကွန်တိုလိုင်းစနစ်နဲ့ စိုက်ပျိုးနိုင်ပါတယ်။ ဝဥပင်က အရိပ်နဲ့ အစိုဓာတ်ရရှိမှုကို အနည်းဆုံး (၄၀) ရာခိုင်နှုန်းအထိ လိုအပ်တဲ့ အပင်အမျိုးအစားဖြစ်နေလို့ပါ။
ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးအုပ်စု၊ ခွီးရိန်ကျေးရွာမှ ဝဥပင်စီးပွားဖြစ်စိုက်ပျိုးသူ ဦးရှိန်းခယ် က ပြောသည်။
ဝဥပင်ကို မိုးဦးမကျခင် ဧပြီလ၊ မေလများတွင် စတင်စိုက်ပျိုးကြပြီး၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ရွက်သီးကောက်သိမ်း၍ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ဝဥများတူးဖော်ကာ စျေးကွက်တင်ပို့ရောင်းချကြသည်။
ဝဥပင်က အရိပ်ရပင်တွေအောက်မှာ စိုက်ပျိုးသင့်တယ်။ ဒီလို ထောပတ်ပင်လို နှစ်ရှည်ပင်တွေနဲ့ ကြားညှပ်စိုက်ပျိုးပေးခြင်းအားဖြင့် ဝဥပင်အတွက် လိုအပ်တဲ့အစိုဓာတ်လည်းရသွားတယ်။ အပင်ရောဂါပိုးမွှားကျရောက်မှုကိုလည်း လျော့နည်းသွားစေပါတယ်။ ဝဥပင်ကို စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင် အဓိကကတော့ မိုးဦးကျအမီ စိုက်ပျိုးပေးရပါမယ်။ မစိုက်မီ မြေပြင်ပေးရတယ်။ အနက် (၆) လက်မ (၈) လက်မလောက်တူးဆွ မြေပြင်ပြီး စိုက်ရတယ်။ စိုက်တဲ့အခါမှာ မြေကြီးကို အပေါ်ယံ (၂) လက်မ (၃) လက်မထက်ကျော်ပြီး မြေမဖုံးသင့်ပါဘူး။ ပုံမှန် (၂) လက်မ (၃) လက်မဆို အဆင်ပြေပါပြီ။
ဟု ဦးရှိန်းခယ် က ဆက်လက်ပြောသည်။
ဝဥပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက စတင်စိုက်ပျိုးချိန်မှ တူးဖော်ရောင်းချသည်အထိ (၃)နှစ်တာကာလအတွင်း တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်စုစုပေါင်း (မျိုးဖိုး၊ သွင်းအားစု၊ အလုပ်သမားခများ အပါအဝင်) ကျပ်သိန်း (၄၀)မှ ကျပ်သိန်း(၅၀) အတွင်း ကုန်ကျကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ