မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း ထောပတ်သီး အစုအဖွဲ့ )မှ ကြီးမှူးကျင်းပသည့် ဒုတိအကြိမ်မြောက် မြန်မာ့ထောပတ်သီးပွဲတော်

20/12/2017 17:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၈ ခုနှစ် ဟိုပုန်း

ရှမ်းပြည်နယ်တောင်ပိုင်း ထန်ဆမ်းဂူသွား လမ်းမကြီး၊ ဟိုပုန်း ရေထွက်အနီးတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ ၆ ရက်မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါပွဲတော်တွင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၏ အရောင်းပြခန်းများ၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်ကြီးများ၊ သွင်းအားစု လုပ်ငန်းရှင်ကြီးများ (မြေသြဇာ၊ ဓါတု/ဇီဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မျိုးစေ့၊ စိုက်ပျိုးရေးသုံးစက်ကိရိယာ)၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာ ရောင်းချသူများဖြင့် စည်ကားသိုက်မြိုက်စွာ ပြသမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ထောပတ်သီးပြပွဲ၊ ပြိုင်ပွဲ နှင့် ဆွေးနွေးပွဲ များကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ဆင်နွဲနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁-၂၁၈၃၆၇ နှင့် ၀၉-၄၃၁၂၇၆၅၆၊ ၀၉-၄၃၀၃၄၈၉၄ တို့မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်