အသားတိုးကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) - အပိုင်း (၁)

03/08/2019 12:16 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ မွေးမြူရေးခြံ

၁.၁  ခြံတည်နေရာ

၁.၁.၁ မွေးမြူရေးခြံအဖြစ်ဆောက်လုပ်ရန် တရားဝင်ခွင့်ပြုထားသည့် မြေဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်။ လူနေအိမ်များနှင့် နီးကပ်ခြင်းမရှိစေရ။

၁.၁.၂ လျှပ်စစ်ဓာတ်အားရရှိပြီး၊ ရေအရင်းအမြစ်နှင့် လမ်းပန်းဆက်သွယ် ရေးအဆင်ပြေသည့်နေရာတွင်ရှိရမည်။

၁.၁.၃ ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုရှိသည့် ဆောင်းခိုငှက်ကဲ့သို့ တောရိုင်းငှက်များနှင့် ထိစပ်မှုမရှိသည့်နေရာဖြစ်ရမည်။

၁.၁.၄ ရေကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းမရှိနိုင်သည့်နေရာတွင် ရှိရမည်။

၁.၁.၅ သားသတ်ရုံများ၊ အခြားတိရစ္ဆာန်များကိုသတ်သည့်နေရာ၊ တိရစ္ဆာန် အရှင်ဈေးကွက်နှင့် အနည်းဆုံး (၃) မိုင်အကွာအဝေးရှိရမည်။

၁.၁.၆ ဘေးအန္တရာယ်ရှိစေသည့် ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့်အဏုဇီဝပိုးမွှားများမှ ကင်းဝေးရမည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်