၁.၂ မွေးမြူရေးခြံပုံစံ
၁.၂.၁ အလုပ်သမားနားနေခန်း၊ သန့်စင်ခန်း၊ စွန့်ပစ်ပစ္စည်းထားရှိသည့် နေရာ၊ အသေကောင်ဖျက်ဆီးသည့်နေရာ၊ အစာသိုလှောင် ရုံတို့အား စနစ်တကျဖွဲ့စည်းထားရှိရမည်။
၁.၂.၂ လေဝင်လေထွက်ကောင်းပြီး အလွယ်တကူ သန့်ရှင်းဆေးကြောနိုင်သည့် ပုံစံရှိရမည်။ ခြံအဆောက်အဦသည် အရှေ့အနောက် အလျားလိုက်တည်ဆောက်ထားရှိရမည်။
၁.၂.၃ ကြက်ရုံ တစ်ရုံနှင့်တစ်ရုံသည် ရှေ့နောက် / ဝဲယာ ပေ (၅၀) အကွာအဝေးရှိရမည်။
၁.၂.၄ ခြံစည်းရိုးသည် လုံခြုံစိတ်ချရပြီး မွေးမြူရေးခြံအဆောက်အဦနှင့်လုံလောက်သော အကွာအဝေးရှိရမည်။
၁.၂.၅ ခြံအဝင်ဂိတ်ပေါက်နှင့် အထွက်ဂိတ်ရိုက် သီးခြားထားရှိပြီးအဝင် ဂိတ်တွင် ပိုးသန့်စင်ဆောင်ရွက်နိုင်ရန် စီမံထားရှိရမည်။
၁.၂.၆ ရုံတစ်ခုချင်းအတွက် ပိုးသန့်စင်နိုင်ရေး စီမံထားရှိရမည်။
၁.၂.၇ လျှပ်စစ်အန္တရာယ်မှ ကင်းဝေးအောင် စနစ်တကျစီမံထားရှိရမည်။ -
၁.၂.၈ အရေးပေါ်အခြေအနေများအတွက် ကွပ်ကဲနိုင်အောင် စီမံထားရှိရမည်။
၁.၂.၉ ခြံအဝင်လမ်း၊ အထွက်လမ်းနှင့် ခြံအတွင်းလမ်းများသည် လုံလောက်သောအကျယ်အဝန်းရှိရမည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်