ဖရဲစျေးနှုန်းများ မြင့်တက်လာ

06/12/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလဆန်းပိုင်းအတွင်း မြန်မာ့ဖရဲစျေးနှုန်းများမှာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တရုတ်ဘက်မှ ဝယ်လိုအားလိုက်လာတာကြောင့် မြန်မာ့ဖရဲစျေးနှုန်းများမှာ အရင်လထက်မြင့်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

တရုတ်ဘက်က ရာသီချိန်မဟုတ်တော့ဘူး။ အထွက်နည်းသွားတဲ့အတွက် ဒီဘက်မှာ ပြန်ပြီးတော့ ဝယ်လိုအားလိုက်လာတယ်။ အရင်လတွေကထက် ယွမ် ၁၀၀၀ လောက်တက်လာတယ်။ သူတို့ဘက်က အဝယ်လိုက်လာတော့ စျေးကတက်လာတာပါ

မြန်မာ့ဖရဲစျေးနှုန်းများမှာ အရင်လများထက် ဖရဲတစ်တန်ကို ယွမ် ၁၅၀၀ ဝန်းကျင်ရှိရာမှ ယွမ် ၂၅၀၀ ဝန်းကျင် တက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်