စိုက်ဧကများလျှော့ချစိုက်ပျိုးခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရမ်းချဥ်သီးဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။
အခုလို ခရမ်းချဥ်သီးဈေးတွေ တက်နေရတဲ့အကြောင်းအရင်းကတော့ နိုင်ငံရေးနဲ့ ကိုဗစ်ရောဂါပိုးအခြေအနေတွေကြောင့် တောင်သူတွေက စိုက်ဧကတွေလျှော့ချစိုက်ပျိုးခဲ့လို့ပါ။ သွင်းအားစုဈေးတွေကလည်း နှစ်ဆလောက်မြင့်တက်နေတော့ တောင်သူတွေကလည်း မလိုက်နိုင်ဘူးလေ။ အဲ့ဒါကြောင့် နဂိုက ၁၀၀ ရာခိုင်နှုန်းစိုက်တဲ့သူက အခုနှစ်မှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ကြတော့လို့ပါ။ မကွေးတိုင်းတစ်ခုတည်း ခရမ်းချဥ်သီးဈေးတွေ တက်နေတာမဟုတ်ဘူး၊ ရှမ်းပြည်နယ်ဘက်မှာလည်း တက်နေတယ်၊ တခြားဒေသတွေမှာလည်း တက်နေပါတယ်။
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ်ခရမ်းချဥ်သီးစိုက်ပျိုးသူ ကိုဟန်ဇော်သက်က ပြောသည်။
လက်ရှိတွင် ဟင်းသီးဟင်းရွက်ဈေးကွက်အတွင်း ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။
ခရမ်းချဥ်သီးတစ်ပိဿာကို ကွင်းထဲမှာတင် ၁၇၀၀/၁၈၀၀ ကျပ် ဈေးရနေတယ်။ အရင်နှစ်တုန်းက ဒီအချိန်ဆို တစ်ပိဿာမှ ၁၀၀၀ ကျပ် အများဆုံးရတာ။ လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်လောက်ကတည်းကစပြီး အခုလို နိုဝင်ဘာလလောက်ဆိုရင် ခရမ်းချဥ်သီးဈေးကောင်း ဒီလောက်ထိ မရတာကြာပြီ။ အခုမှ ဈေးပြန်ကောင်းလာတာပါ။
ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။
ယခုဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနေကြသည့် ခရမ်းချဥ်းသီးများမှာ သြဂုတ်လဒုတိယပတ်က စိုက်ပျိုးထုတ်လုပ်ခဲ့သော ခရမ်းချဥ်းသီးများဖြစ်ပြီး၊ ခရမ်းချဥ်သီးစိုက်ပျိုးပါက စတင်ပျိုးထောင် စိုက်ပျိုးပြီး ၈၅ ရက်မှ ရက်ပေါင်း ၉၀ အတွင်းတွင် ဂွသီး(အပင် ဂွဆုံရှိ အသီး)များကို စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ