လျှော်ဖြူ (ဆေးကုလားမ) ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

04/04/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခင်နှစ်ထက် လျှော်ဖြူဈေးနှုန်းများမှာ နှစ်ဆနီးပါးတက်လာကြောင်း မြန်မာလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ 

ယခုလဆန်းပိုင်းအတွင်း လျှော်ဖြူအစေးများ အဝယ်လိုက်လာတာကြောင့် ဈေးနှုန်းများမှာ ထိပ်စတစ်ပိဿာကို နှစ်ဆနီးပါး တက်လာတာဖြစ်ကြောင်း မြန်မာလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ဦးစိန်ကပြောပါတယ်။

“အခုလဆန်းပိုင်းအတွင်းမှာပဲ လျှော်ဖြူကအဝယ်လိုက်လာတယ်။ အရင်လက လျှော်ဖြူကဈေးငြိမ်နေတယ်။ အခုဒီရက်လေးအတွင်းမှာပဲ ဖြစ်သွားတာ။ ဝယ်လက်တွေကလည်း ဈေးမြှင့်ပြီးပေးကြတော့ ဈေးကတက်လာတာပါ”

ယခင်လက လျှော်ဖြူတစ်ပိဿာကို ကျပ် ၁၈၀၀၀ ဝန်းကျင်သာရှိနေပြီး ယခု ဧပြီလဆန်းပိုင်းအတွင်း လျှော်ဖြူတစ်ပိဿာကို ကျပ် ၃၅၀၀၀ ထိရရှိကြောင်း မြန်မာလျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းမှသိရပါတယ်။

လျှော်ဖြူပင်ကို မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးပြီး မကွေး တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ စိုက်ပျိုးကြောင်းလည်း မြန်မာလျှော်ဖြူစိုက်ပျိုး ထုတ်လုပ် သူများအသင်းမှသိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်