“တစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲဈေးနှုန်းများ မြင့်တက်”

12/03/2019 11:10 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၉ခုနှစ် မတ်လအတွင်း၊ တစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲဈေးနှုန်းများ မြင့်တက်နေကြောင်း မြန်မာနိုင် ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

ယခုကဲ့သို့ မတ်ပဲဈေးများ မြင့်တက်လာရခြင်းမှာ ပြည်တွင်း၌ မတ်ပဲကုန်ကြမ်းများ လက်ကျန်နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“အဓိက ပြည်တွင်းလက်ကျန်နည်းနေတာရယ်၊ တောင်သူဘက်က နောက်ကျတော့ ပစ္စည်းအဝင်နည်းတာလည်းပါတယ်။ ပစ္စည်းအစိုက်နည်းတာလည်း ပါတယ်။ ပစ္စည်းအဝင်နည်းတဲ့အပေါ်မှာ လှောင်တဲ့ လူတွေလည်း ဝင်လာတာပေါ့။ ပြည် တွင်းမှာတင် ဝယ်လိုအားများတာပေါ့။ တစ်တန်ကို တစ်သိန်းကျော်လောက် ပြန်တက်လာတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း မတ်ပဲပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ပါက ဇန်နဝါရီလတွင် မတ်ပဲတစ်တန်လျှင် (၅၇၀၀၀၀) ကျပ် ရရှိခဲ့ပြီး၊ မတ်လ၌ မတ်ပဲတစ်တန်လျှင် (၆၈၅၀၀၀) ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

မတ်လအတွင်း ပဲစဉ်းငုံဈေးနှုန်းများအနေဖြင့် ၂၀၁၇ အမျိုးအစား ပဲစဉ်းငုံတစ်တန်လျှင် (၇၀၅၀၀၀) ကျပ်ရှိပြီး၊ ၂၀၁၉ အမျိုးအစား ပဲစဉ်းငုံတစ်တန်ကို ၈၀၁၀၀၀ ကျပ်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

တိုးတိုးခိုင် (ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်