Green Tea လက်ဖက်ခြောက် ပြုလုပ်နည်းသင်တန်းပေးသွားမည်

02/08/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း မှ ပေးပို့ထားပါသည်။

ယခုလဆန်းပိုင်းမှာ Green Tea လက်ဖက်ခြောက် ပြုလုပ်နည်းသင်တန်းကို ပေးသွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မိုးရာသီကာလမှာ လက်ဖက်ခြောက်များ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်ကာ သင်တန်းပေးသွားမှာ ဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူးဦးဇော်ညွှန့်ကပြောပါတယ်။

“Green tea လှော်ခြောက်ကိုတော့ (၈)လပိုင်းမှာ green tea လှော်ခြောက်လုပ်တဲ့နည်း သင်တန်းပေးဖို့တော့ ပြင်ဆင်နေပါတယ်။ (၈)လပိုင်းလဆန်းလောက်မှာတော့ သင်တန်းပေးဖို့ ပြင် ဆင်ထားပါတယ်။ တောင်သူတွေလည်း လာတက်လို့ရတယ်။ ပွင့်လင်းရာသီဆို လှော်လှန်းလုပ်နိုင် တယ်။ လှော်ခြောက်လုပ်နိုင်တယ်။ မိုးတွင်းဆိုရင် လှော်ခြောက်တွေ တောက်လျှောက်လုပ်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်တန်းပေးသွားတာပါ”

အဆိုပါသင်တန်းကို ကျောက်မဲ၊ တန့်ယန်း၊ ရပ်စောက်၊ ရွာငံ၊ မိုးကုတ် နဲ့ ကွတ်ခိုင်မှတောင်သူများ တက်ရောက်နိုင်မှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့လက်ဖက်စိုက်ဧကပေါင်း(၂၂၀၀၀)ကျော်ရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်