ဆိတ်မွေးမြူရေးနှင့် အစာကျွေးမွေးခြင်းအကြောင်း

10/11/2020 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

       ဆိတ်များသည် မြက်၊ သစ်ရွက်၊ သစ်ခေါက်၊ ချုံပင်၊ ဆူးပင်စသဖြင့် အစာမရွေး စားတတ်သဖြင့် ဆိတ်စာအတွက် ပူစရာမလိုဟု အကြမ်းဖျင်းယူဆ၍ ရသော်လည်း ထုတ်လုပ်မှုနှုန်းမြင့်မားစေရေးအတွက် အစာ၊ ရေစာ စနစ်တကျကျွေးမွေးရန် လိုအပ်ပါသည်။

       ၁။ အစာကျွေးရာ၌ မည်သည့်အစာမျိုးကိုပင်ကျွေးသည်ဖြစ်စေ အစာခွက်အတွင်းရှိ အစာဟောင်းများကို ဖယ်ရှားပေးပြီးမှ အစာသစ်ထည့်ရပါမည်။

       ၂။ ဆိတ်များ၏ သဘာဝမှာ အစာဝသောအခါ ကျန်သောအစာများကို ဖျက်ဆီးတတ်သဖြင့် ဆိတ်မွေးမြူသူများအနေဖြင့် ဆိတ်ဝလောက်သော အစာကိုသာ ချင့်ချိန်၍ ကျွေးသင့်ပါသည်။

       ၃။ အချိန်မှန်မှန်အစာကျွေးခြင်းဖြင့် ဆိတ်များခံတွင်းကောင်းပြီး အစာကို မက်မောစွာ စားစေနိင်ပါသည်။

       ၄။ ကိုယ်အလေးချိန် ပေါင်(၁၀၀) (၃၅ပိဿာ)ခန့်ရှိသော ဆိတ်တစ်ကောင်အတွက် တနေ့လျှင် အနည်းဆုံး အောက်ပါအစာပမာဏခန့် ကျွေးမွေးသင့်ပါသည်။

(က) သစ်ရွက်စိမ်း အမျိုးမျိုး - (၈၂)ကျပ်သား

() ကောက်ရိုး(သို့)မြက်ခြောက် - (၈၂)ကျပ်သား

() အစာနု - (၂၇.)ကျပ်သား၊()ပေါင်

မှတ်ချက်၊။ ။ နို့ရည်ထွက်နေသော ဆိတ်မများတွင် ထွက်ရှိသောနို့အလေးချိန်၏ သုံးပုံတစ်ပုံအစာနုကို ထပ်ဆောင်း၍ ကျွေးမွေးရန် လိုအပ်သည်။ ထို့အတူ အသားတိုးနှုန်းနှင့် ကြီးထွားမှုအတွက် အစာနုကို အထက်ပါပမာဏထက်()ဆခွဲတိုး၍ ကျွေးမွေးရန် လိုအပ်ပါသည်။

ရေတိုက်ခြင်း

      ဆိတ်များ၏ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ အစာကြေညက်မှုအတွက် ရေသည်အရေးတကြီးလိုအပ်ပါသည်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေလိုအပ်ချက်ပြောင်းလဲသော်လည်း ဆိတ်တစ်ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံးသောက်ရေ()ဂါလံလိုအပ်ပါသည်။

Ref; မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်