မြက်တွေနဲ့လုပ်တဲ့ မြက်မြေဆီ

21/02/2018 17:21 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လယ်ထဲမှာ၊ ယာထဲမှာ၊ ကန်သင်းမှာ ခြံထောင့်နားတွေမှာ ပေါက်နေတဲ့ မြက်တွေ ဆိုတာလေ၊ ကိုယ်မစိုက်လို့သာပဲ၊ စိုက်များစိုက်ရရင် မျိုးဖိုးနဲ့တင် မွဲ လောက်ပါရဲ့လို့ မြက်ရှင်းဖို့ ပေါက်တူးကိုင်မိတိုင်း ဦးလေးကြီး စဉ်းစားမိပါတယ်။ တစ်ခုခုများ လုပ် မိနိုင်ရင်ပဲ ပိုကောင်းမှာဆိုပြီးတော့ပေါ့။ အဲ့တစ်ခုခုကတော့ ဘာလဲတော့ မသိဘူး ပေါ့လေ၊ မသိခြင်းနဲ့ အတွေးများစွာပေါ့လေ။

ကဲလာပါပြီဗျ.... မြက်ရှင်းတဲ့ အချိန်ကျ မြက်တွေကို ပုံပြီး မီးမရှို့ပါနဲ့တော့။ မြေဆွေးပုံ ပုံတာပဲဖြစ်ဖြစ်၊ ခုပြောပြတဲ့ နည်းလမ်းအတိုင်း သုံးကြည့်တာပဲ ဖြစ်ဖြစ် လုပ်လိုက်ပါတော့။ မြက်ဖြတ်စက်ရှိရင် ပိုတောင် အဆင်ပြေပါလိမ့်ဦးမယ်။ မြက် တွေကို ခုတ်ထစ်ပြီးမှ ရေစိမ်သုံးတာကိုး..နည်းကိုက..

အဆင့်(၁) ။ ။ သူကလည်း (၅) ဂါလန်ပုံးနဲ့ (၃) ပုံ (၂) ပုံလောက် ပြည့်အောင် ဖြတ်ထားတဲ့ အပိုင်းလေးတွေပိုင်းထားတဲ့ မြက်တွေကို ဖြည့်ပေးပြီးမှ

အဆင့်(၂) ။ ။ ရေရောရမှာပါပဲ၊ အရည်လုပ်နည်းတွေ ဆိုတော့ကာ၊ ရေက ရောရမှာပါပဲ။

အဆင့်(၃)။ ။ မွှေပြီးမှ (၃) ရက်လောက်ကို အခန်းတွင်း အပူချိန်နဲ့ထားရမှာ ဆိုတော့ အခန်းထဲထည့်ရင်ထည့် ဒါမှမဟုတ် နေရောင် တိုက်ရိုက်မတွေ့တဲ့ နေရာ နားမှာ (၃) ရက်လောက်ထားပေါ့။

အဆင့် (၄)။ ။ အရည်ကြည်တွေလောက်ကျအောင်လို့ ထားပြီးရင် ရေဆတူ ရောပြီးတော့မှ အပင်တွေကို လိုအပ်သလို အကျိုးရှိအောင် အသုံးချနိုင်ပါပြီ ခင်ဗျာ။

Htunn Win Kyaw


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်