ကျွန်တော်တို့ တောင်သူတွေ၊ အသုံးပြုသူတွေရဲ့ စကားတွေ၊ အကြံပြုချက်တွေကို အမြဲတမ်းနားထောင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ လက်ရှိဗားရှင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ
အသစ်တင်တဲ့ ဆောင်းပါးတွေ၊ အမေးအဖြေတွနဲ့ လေ့လာသင့်တဲ့ ကဏ္ဍတွေကို စာမျက်တစ်ခုထဲမှာ တန်းစီပြီး ဖော်ပြပေးသွားမှာပါ။ ဒီတော့ ဘာဆောင်းပါးတွေ အမေးအဖြေတွေ အသစ်တက်လဲဆိုတာ တစ်နေရာထဲမှာပဲ သိနိုင်ပါပြီနော်။
မိုးလေဝသနဲ့ အရေးကြီးတဲ့ သတင်း အသိပေးချက်တွေကို လူတိုင်း မြင်နိုင်၊ ဖတ်နိုင်ဖို့လည်း လုပ်ဆောင်ထားပါတယ်။
အစိမ်းရောင်လမ်းမှာ ရောင်းနေတဲ့ ဆိုင်တွေရဲ့ အကြံပြုချက်အရ ဆိုင်တွေနဲ့ ဝယ်ယူသူတွေ တိုက်ရိုက်စကားပြောနိုင်မယ့် စကားပြောခန်းလေးကိုလည်း ထည့်သွင်းထားပါတယ်နော်။ ဝယ်ချင်တာတွေ၊ ပစ္စည်းပို့ဖို့ စတာတွေကို စကားပြောခန်းလေးမှာ အပြန်အလှန်ဆွေးနွေးသွားနိုင်ပါတယ်။ နောက်လိုအပ်လာရင် အခြားနေရာတွေအတွက်လည်း စကားပြောခန်းလေးကို ဖွင့်ပေးသွားပါမယ်။
ဆောင်းပါးတွေ၊ သတင်းတွေမှာ ဆွေးနွေးချက် (comment) ဖွင့်ပေးလိုက်ပါပြီ။ စာဖတ်သူအချင်းချင်း ထင်မြင်ယူဆချက်တွေကို ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။
မမြှင့်ရသေးရင် ဘယ်လိုမြှင့်ရမလဲ
အစိမ်းရောင်လမ်းကို စဖွင့်လိုက်တာနဲ့ ဗားရှင်းမမြှင့်ရသေးရင် အောက်ကပုံလိုမျိုး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Google Play Store မှ ရယူရန်နှင့် အစိမ်းရောင်လမ်းမှ တိုက်ရိုက်ရယူရန် ဆိုတာပါပါတယ်။ အစိမ်းရောင်လမ်းမှ တိုက်ရိုက်ရယူရန်ကို နှိပ်လိုက်ပါ။
ပြီးရင် ထပ်ပေါ်လာတဲ့ထဲမှာ install ဆိုတာလေး နှိပ်လိုက်ရင် ရပါပြီနော်။ နောက်ဆုံးဗားရှင်းကိုသုံးပြီး ဒီဇိုင်းလန်းလန်းလေးနဲ့ စိုက်ပျိုးမွေးမြူရေးနည်းပညာတွေလေ့လာပြီး ပညာရှင်တွေနဲ့ ချိတ်ဆက်လိုက်ပါ။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်