မြန်မာ့ငရုတ်ကို အကျိုးတူလယ်ယာစနစ်လုပ်ဆောင်သွားရန် ဗီယက်နမ်နိုင်ငံနှင့် ဆွေးနွေးမည်

28/06/2019 10:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ငရုတ်ကို အကျိုးတူလယ်ယာစနစ် (Contract Farming) လုပ်ဆောင်သွားရန် ဗီယက်နမ် ကုမ္ပဏီနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအ သင်းမှ သိရပါတယ်။

ငရုတ်ထွက်ရှိတဲ့ဒေသများမှာ အကျိုးတူလယ်ယာစနစ် လုပ်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။

“ ဗီယက်နမ်အဖွဲ့ကို ငရုတ်ခင်းတွေလိုက်ပြဖို့ရှိတယ်။ ငရုတ်သီးကို သူတို့ဘက်ကလည်း လိုလိုချင် ချင်ရှိတယ်။ သူတို့ဘက်က ငရုတ်စိုက်တောင်သူတွေကို ငရုတ်သီးမျိုးကိုပေးမယ်။ အကျိုးတူလယ်ယာစနစ်နဲ့လုပ်ဖို့ ထပ်မံဆွေးနွေးသွားမှာပေါ့။ အအေးခန်းတွေဘာတွေ လုပ်ပေးဖို့ညှိနှိုင်းသွားမှာပါ”

ဗီယက်နမ်နိုင်ငံမှ မြန်မာ့ငရုတ်ကို အကျိုးတူလယ်ယာစနစ်(Contract Farming) ပူးပေါင်း လုပ်ကိုင်နိုင်ရန်အတွက် ဒုတိယအကြိမ် လာရောက်တာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာ အများဆုံးစိုက်ပျိုးနေကြောင်းလည်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်