ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်မှာ သရက်သီးနှံကိုကောင်း မွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) ခြံလျှောက်ထားသူ ပိုမိုတိုးတက်လာကြောင်း အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
အခုနှစ်မှာ သရက်သီးနှံကို အရင်နှစ်ထက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်နည်းပညာကြောင့် လျှောက်ထားသူပိုမိုများပြားလာတာဖြစ်တယ်လို့ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးရဲနိုင်ဝင်းကပြောပါတယ်။
နည်းပညာကြောင့်မို့လို့ တိုးတက်လာတာပါ။ မနှစ်က (GAP)ကိုလျှောက်ထားတဲ့သူ (၅) ဧကတစ်ခြံပဲရှိလာတာ။ ဒီနှစ်မှ (GAP) ခြံတွေက ဧက(၉၀)ဝန်းကျင်ထိ ရှိလာပါတယ်။ ခြံသန့်ရှင်းရေးနဲ့ အနည်းဆုံး (၅) ဧကရှိရမယ်။ (GAP) စည်းမျဉ်းစည်းကမ်း (၁၆) ချက်နဲ့ ကိုက်ညီတဲ့သူတွေကို ပေးတာပေါ့။ စားသုံးသူတွေအတွက်လည်း ခိုင်မာချက်ရှိရမယ်။ အခုလျှောက်တဲ့သူတွေကတော့ လက်မှတ်ရမလားမရမလားဆိုတာတော့ မသိသေးဘူးပေါ့
အမရပူရမြို့နယ်မှာ သရက်စိုက်ဧက ၆၄၂၁ ဧက ဝန်းကျင်ရှိပြီး အရင်နှစ်က (GAP) လက်မှတ်ရရှိထားသည်မှာ (၅) ဧကရှိကြောင်း အဆိုပါဌာနမှ သိရပါတယ်။
စိန်တလုံး၊ သုံးနှစ်သီး၊ ပတ္တမြားငမောက်၊ မယ်သီ စတဲ့မျိုးများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းလည်း အမရပူရမြို့နယ် စိုက်ပျိုးရေဦးစီးဌာနမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ