မြန်မာ့ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှာ ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။
ဒန့်သလွန်သီးကို ပြည်ပနိုင်ငံအချို့မှ ဝယ်ယူရန်ကမ်းလှမ်းမှုများရှိနေတာကြောင့် တင်ပို့နိုင်ရန် အစုအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ မှ ဥက္ကဌ ဦးမြင့်ကိုကပြောပါတယ်။
“ ပြည်ပနိုင်ငံတွေက မြန်မာ့ဒန့်သလွန်သီးကို ကမ်းလှမ်းတာတွေရှိပါတယ်။ အဲဒီအတွက် တင်ပို့နိုင်ဖို့ ဒန့်သလွန်အစုအဖွဲ့ကနေပြီးတော့ စီစဉ်လုပ်ဆောင်နေပါတယ်။ သူတို့မှာသလောက်ကို ဒီနှစ်မှာတော့ တင်ပို့ဖို့ မပြည့်မှီနိုင်သေးပါဘူး။ နောင်နှစ်မှာတော့ တင်ပို့နိုင်အောင်ဆောင်ရွက်သွားမှာပါ”
မြန်မာ့ဒန့်သလွန်သီးကိုဝယ်ယူနိုင်ရန် ကမ်းလှမ်းထားတဲ့နိုင်ငံများမှာ ဂျပန် ၊ စင်ကာပူ ၊ မလေးရှား နဲ့ တရုတ်နိုင်ငံများက ကမ်းလှမ်းထားကြောင်း အဆိုပါအစုအဖွဲ့မှသိရပါတယ်။
ဒန့်သလွန်ပင်ကို အပူပိုင်းဒေသမှာအများဆုံးစိုက်ပျိုး ထွက်ရှိပြီး တိုင်း ၊ ပြည်နယ်ဒေသအနှံ့အပြားမှာ စိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံဒန့်သလွန် သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစု အဖွဲ့မှ သိရပါတယ်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ