ချင်းပြည်နယ်တွင် ကော်ဖီပင်ဧက(၅၀)စိုက်ပျိုးနိုင်ရန် စီစဉ်လုပ်ဆောင်နေ

25/06/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့မှာ ကော်ဖီပျိုးပင် ဧက (၅၀) စိုက်ပျိုးနိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရပါတယ်။

ချင်းပြည်နယ်မှာ ကော်ဖီစိုက်ပျိူးနိုင်ရန်အတွက် အော်ဂဲနစ်ပျိုးပင်များကို ရှမ်းတောင် ကော်ဖီအစု အဖွဲ့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး စီစဉ်လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။  

“ တောင်သူတစ်ဦးကို အနည်းဆုံး တစ်ဧကနှုန်းထားနဲ့ ကော်ဖီပျိုးပင်တွေကို စိုက်ပျိုးနိုင်ဖို့အတွက် ကူညီပေးမယ်။ ထွက်လာတဲ့ ကော်ဖီသီးတွေကို သူတို့က ပြန်ဝယ်ယူမယ်။ ပြီးရင် တောင်သူတွေကနေပြီးတော့ ကော်ဖီသီးထွက်လာရင် ပျိုးပင်တွေကို ဈေးနှုန်းကောက်ယူမယ်။ အခုတော့စိုက်ပျိုးနိုင်ဖို့အတွက် တောတွေခုတ်ထစ်ပြီး ရှင်းလင်းနေပါတယ်” 

အော်ဂဲနစ်ကော်ဖီပျိုးပင်များကို အနည်းဆုံး တစ်ဧကနှုန်းထားဖြင့် စိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကန်ပက်လက်မြို့မှာ ကော်ဖီဧက (၅၀) ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်