မျက်ရည်မကျစေတဲ့ကြက်သွန်နီက နှလုံးရောဂါနှင့် အဝလွန်ခြင်းကို ထိန်းချုပ်နိုင်

17/01/2018 11:12 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သာမန်ကြက်သွန်နီတွေလို မျက်ရည်မထွက်စေ မယ့်ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ ကြက်သွန်နီဥ (tearless onion) တွေဟာနှလုံးရောဂါ ကိုကုသနိုင်ပြီး အဝလွန်ခြင်းကို ထိန်းချုပ်ရာမှာ အသုံးဝယ်တယ်လို့ သိရပါတယ်။ ဒါကိုသုတေသီ Collin Dadyနဲ့ အဖွဲ့သားတွေက လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းသုတေသီ အဖွဲ့ဟာ မျက်စိကို ပူစေပြီး မျက်ရည်ကျစေတဲ့ ကြက်သွန်နီဥမှာ ပါဝင်သော ပရိုတင်းကို နည်းပါးအောင် တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ကြက်သွန်နီဥ မှာပါဝင်တဲ့ ဆာလဖာနဲ့ အသွင်တူပစ္စည်းဟာ ကြက်သွန်နီဥ လိုပဲ နှလုံးကျန်းမာရေးကို ကောင်းကျိုးပြုနိုင်တဲ့ အကြောင်းဖော်ထုတ် နိုင်ခဲ့ပါတယ်။

နှလုံးသွေးကြောတွင်း သွေးခဲနိုင်ခြင်း၊ သွေးခဲပိတ်ဆို့ နိုင်ခြင်းတွေကို ကာကွယ်နိုင်ဖို့ ကြက်သွန်ဖြူကရတဲ့ အာနိသင်တွေနဲ့ ဆေးဝါးဖော်စပ် အသုံးပြုခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် ကြက်သွန်ဖြူဟာ ကိုယ်အလေးချိန် ကိုကျဆင်းစေတယ် လို့လည်းသုတေသန များစွာမှာ ဖော်ထုတ်နိုင်ခဲ့ပါသည်။ သုတေသီတွေဟာ ကြက်သွန်နီမှာလည်း အလားတူ အာနိသင်တွေ ရှိ/မရှိကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ခွဲခန်း စမ်းသပ်မှုတွေအရ မျက်ရည်မကျစေအောင် တီထွင်ထားတဲ့ ကြက်သွန်နီ တွေဟာ သွေးဥမွှားတွေ စုဝေးလာပြီး သွေးကြောတွင်းမှာ သွေးခဲခြင်းကို ကြက်သွန်ဖြူလို ပဲကာကွယ်နိုင်ခြင်း ရောင်ရမ်းမှုတွေ ကိုသက်သာစေခြင်း စတဲ့အာနိသင် တွေကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ကျဆင်းစေတယ်ဆို တဲ့အချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့လာမှုကို Journal of Agricultural and Food Chemistry မှာဖော်ပြထားပါတယ်။

သန့်စင် (Ref.ANI)

REF : Health Updates


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်