မြန်မာ့ကော်ဖီပွဲတော်၂၀၁၉ ( Coffee-Fair 2019 )ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်းမှာ အောက်တိုဘာလ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။
မြန်မာ့ကော်ဖီအရည်အသွေး မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်ကာ ပွဲပြုလုပ်ကျင်းပရတာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ ပွဲစီစဉ်သူ ဒေါ်စိုးစိုးမွန်က ပြောပါတယ်။
“ကော်ဖီအရည်အသွေးကို မြှင့်တင်ဖို့အတွက်နဲ့ ကော်ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ လုပ်ဖြစ်တာပါ။ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး မြန်မာ့ကော်ဖီပွဲတော် ၂၀၁၉ ကို ကျင်းပရတာဖြစ်ပါတယ်”
အဆိုပါပွဲတော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံကော်ဖီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
Coffee–Fair 2019 ပွဲမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့များ၊ တင်ပို့သူ၊ တင်သွင်းသူများ ၊ ကြိတ်ခွဲထုတ်လုပ်သူများ၊ ကော်ဖီနဲ့ဆက်စပ်သော လှော်စက်၊ ဖျော်စက် စက်ကိရိယာ ထုတ်လုပ်သူများ၊ စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအနေနဲ့ ပြခန်းများ ခင်းကျင်းပြသလိုပါက မြန်မာနိုင်ငံကော်ဖီအသင်းကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်