နာနတ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှု စဉ်ဆက်မပြတ်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည်

24/07/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နာနတ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုစဉ်ဆက်မပြတ်အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်(၂၆)ရက်နေ့၊  သီပေါမြို့နယ် မြမိုးဇံခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း နာနတ်သီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရပါတယ်။ 

နာနတ်နဲ့ ပြောင်းကို စစိုက်သည်မှ စျေးကွက်ရောက်သည်အထိ တောင်သူများနဲ့ အစိုးရအချင်းချင်း ချိတ်ဆက်နိုင်စေရန် ဆွေးနွေးသွားမှာဖြစ်တယ်လို့ နာနတ်သီးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။

“နာနတ်နဲ့ပြောင်းကို စစိုက်တော့မယ့်အချိန်ကနေ စျေးကွက်ထဲထိ ဘာတွေလုပ်လို့ရလဲ။ စျေးကွက်မှာ အသီးကိုခူးပြီးရောင်းမှာလား။ တန်ဖိုးမြှင့်ထုတ်ကုန် ဘယ်လိုလုပ်လို့ရသလဲဆွေးနွေးမယ်။ တောင်သူတွေကနေ နည်းပညာအကူအညီ၊ စျေးကွက်၊ တန်ဖိုးမြှင့်ထုတ်ကုန်ဘယ်လိုထုတ်လို့ရမလဲ ချိတ်ဆက်ဆွေးနွေးချင်တယ်” 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နာနတ်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများနဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ တက်ရောက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ 

မြန်မာ့နာနတ်သီးစိုက်ဧကပေါင်း (၃၀၀၀၀) ဝန်းကျင်ခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးထားကြောင်း နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်