ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများရဲ့ တီထွင်ဆန်းသစ်မှုများအတွက် ဂျာမနီနိုင်ငံGIZ အဖွဲ့မှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fund Project မှသိရပါတယ်။
ကော်ဖီကဏ္ဍတစ်ခုလုံးမှာ ပါဝင်သူများကို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ပြုလုပ်တာဖြစ်တယ်လို့ GIZ Coffee Inovation Fund Project မှ နည်းပညာအကြံပေး ဒေါ်ပွင့်ပွင့်အောင် ကပြောပါတယ်။
“GIZ ကနေပြီးတော့ ကော်ဖီကဏ္ဍတစ်ခုလုံးမှာပါတဲ့သူတွေ ကော်ဖီစိုက်ပျိုးတဲ့သူရော၊ ထုတ်လုပ်တဲ့ သူရော၊ လှော်တဲ့သူရော fund ပေးမယ်။ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာကိုရွေးမှာ။ proposal တင်ရမှာပါ။ ကော်ဖီကဏ္ဍာက နောက်ပိုင်းမှာတိုးတက်ဖွံ့ဖြိုးလာတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု အားနည်းနေတဲ့အတွက် စိုက်တဲ့သူတွေပါ ပါဝင်လာနိုင်အောင် လုပ်ပေးတာပါ”
တောင်သူများအနေနဲ့လည်း အဖွဲ့လိုက်စုကာ တီထွင်ဆန်းသစ်မှုအိုင်ဒီယာများကို တင်နိုင်ပြီး လျှောက်ထားမယ့်သူများမှာ အတွေ့အကြုံ (၃) နှစ်ရှိရမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအစီအစဉ် ကိုစိတ်ဝင်စားသူများအနေနဲ့ E-mail ဖြစ်တဲ့ pyai.twing @giz.ge နဲ့ maypwint [email protected] ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံကော်ဖီအသင်းဝင်မျာ ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနဲ့ ကော်ဖီဆိုင်များကို ကူညီပေးသွားမှာဖြစ်ကြောင်း GIZ Coffee Inovation Fund Project မှသိရပါတယ်။
တိုးတိုးခိုင်(ABM)
East West Seed Myanmar ကြော်ငြာ
                Shwe La Won
                ATRIA
                ရွှေမြား
                တောင်ပေါ်သား
                တောင်ပေါ်သူ
    
 
                    Greenovator