ပြည်ပနိုင်ငံများမှ ဝဥဝယ်ယူမှုမြင့်တက်လာ

01/04/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်းဝဥကို ပြည်ပနိုင်ငံများမှဝယ်လိုအားယခင်နှစ်ထက်မြင့်တက်လာကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှသိရပါတယ်။ 

ဝဥအစိုနဲ့အခြောက်ကို ကိုရီးယားနိုင်ငံအပြင် ထိုင်းနိုင်ငံကပါ အခုနှစ်အတွင်းဝယ်လိုအားလိုက်လာတဲ့ အတွက် ပြည်ပဝယ်လိုအားတက်လာတယ်လို့ ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။

“အရင်နှစ်ထက်စာလို့ရှိရင် ဝဥက ပြည်ပဝယ်လိုအားတက်လာတယ်။ ကိုရီးယားကလည်း အစိုရော အခြောက်ရော အားထားဝယ်နေသလို ထိုင်းနဲ့တရုတ်ကလည်း ဒီနှစ်ထဲမှာ ဝယ်လိုအားလိုက်လာပါ တယ်။ အရင်နှစ်ထက်စာရင် ဝယ်လိုအားတွေ တက်လာပါတယ်”

ဝဥကို ပြည်ပနိုင်ငံများကို ကုန်ကြမ်းအဖြစ်သာ အဓိကတင်ပို့နေပြီး ကုန်ချောအဖြစ်မြှင့်တင်ပို့နိုင်ရန်စီစဉ်လုပ်ဆောင်နေကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

ပြည်ပဝယ်လိုအား တက်လာတာကြောင့် ဝဥဈေးနှုန်းမှာလည်း ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိနေတာ ဖြစ်ကြောင်းလည်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်သူများအသင်းမှသိရပါတယ်။

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်