မြန်မာ့သရက်သီးများ ဝယ်လိုအားတက်လာ

24/05/2019 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း မြန်မာ့သရက်သီးများမှာ ဝယ်လိုအားတက်လာကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

 မြန်မာ့သရက်သီးများမှာ တရုတ်မှ အခြားသရက်သီးမျိုးများပါ အဝယ်လိုက်လာတဲ့အတွက် ယခင်နှစ်ထက် ဝယ်လိုအားတက်လာတာဖြစ်တယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးကျော်စွာဟိန်းကပြောပါတယ်။

“ ဝယ်လိုအားကောင်းတယ်။ တရုတ်ပြည်ထဲမှာလည်း  ဒီနှစ် သရက်အထွက်နှုန်းက မနှစ်ကလောက်မများဘူး။ အရင်နှစ်ကဆို ဒီလိုအချိန်မျိုးမှာ သရက်သီးတွေ နေ့ချင်းရောင်းမကုန်ဘူး။ ပြုံနေတာတွေ ရှိတယ်။ ဒီနှစ်ကတော့ မူဆယ် (၁၀၅) မိုင်ကို ရောက်သွားတာနဲ့ ကုန်သွားတယ်”

တရုတ်ဘက်မှ  စိန်တလုံး၊ ရွေဟင်္သာ၊ ပတ္တမြားငမောက်၊ သုံးနှစ်၊ မယ်သီ သရက်သီးမျိုးများမှာ လည်း အခုနှစ်အတွင်း ဈေးကွက်ရှိလာကာ ဝယ်လိုအားလိုက်လာကြောင်း  အဆိုပါအသင်းမှ သိရပါတယ်။ 

အခုနှစ်အတွင်း မြန်မာ့သရက်များမှာ ဝယ်လိုအား တက်လာခဲ့သော်လည်း သရက်ထွက်နှုန်းမှာနည်းနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်