ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာ

05/03/2019 14:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုရက်ပိုင်းအတွင်း မြစ်သားကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

အခုရက်ပိုင်းအတွင်း တရုတ်မှ ကြက်သွန်နီဝယ်ယူမှုရှိတာကြောင့် မြစ်သားကြက်သွန်နီဈေးနှုန်းများမှာ တက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီတွေထဲကမှ မြစ်သားကြက်သွန်နီကို နယ်စပ်တရုတ်ဘက်က ဝယ်ယူနေတဲ့အတွက် ဈေးနှုန်းတက်လာတယ်။ မြင်းခြံ ၊ ပခုက္ကူ နဲ့ တောင်းတွင်းကြက်သွန်နီတွေကိုတော့ ဝယ်ယူမှုမရှိသေးဘူး။ ပြည်ပဈေးကွက်လည်း ခုချိန်ထိမရှိသေးဘူး”

နယ်အစုံမှ ကြက်သွန်နီကုန်တင်ကားအစီးရေမှာ တစ်နေ့ကိုပျှမ်းမျှ (၅၀) ခန့် ဝင်ရောက်နေကြောင်း လည်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။

ယခင်တစ်ပတ်က မြစ်သားရှယ်တစ်ပိဿာကို ၆၀၀ ကျပ်ရှိရာမှ ၇၀၀ ကျပ်တက်လာပြီး ၊ မြစ်သားလတ်ကြီး တစ်ပိဿာကို ၈၅၀ ကျပ်မှ ၉၀၀ ကျပ်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်း များအရ သိရပါတယ်။ 

အောင်ကျော်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်