မြန်မာ့လျှော်ဖြူ ဈေးနှုန်းတက်လာ

22/05/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့လျှော်ဖြူမှာ ဝယ်လိုအားလိုက်လာတဲ့အတွက်  ဈေးနှုန်းတက်လာတာဖြစ်ကြောင်း မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ 

တရုတ်နိုင်ငံမှ အခုရက်ပိုင်းအတွင်း ဝယ်လိုအားတက်လာတဲ့အတွက် ဈေးနှုန်းများမှာ တစ်ပိဿာကို တစ်သောင်းခွဲ တက်လာတာဖြစ်တယ်လို့ မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက် က ပြောပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံကနေ ဝယ်လိုအား လိုက်လာတယ်။ အဖွင့်ဈေးကလည်း ကောင်းသွားတော့ မြန်မာ့လျှော်ဖြူ  တစ်ပိဿာကို  အခုရက်ပိုင်းအတွင်း ၁၅၀၀၀ တက်လာတာဖြစ်ပါတယ်”

မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး ထိုင်းနဲ့ ဂျပန်နိုင်ငံကိုလည်း တင်ပို့သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

မြန်မာ့လျှော်ဖြူမှာ ယခင်လက တစ်ပိဿာကို ကျပ် ၂၅၀၀၀ ရှိရာမှ အခုလအတွင်း ကျပ် ၄၀၀၀၀ တက်လာတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

လျှော်ဖြူပင်ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်