ယခုလအတွင်းလျှော်ဖြူဈေးနှုန်းများ အနည်းငယ်ပြန်တက်လာကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
အရည်အသွေးကောင်းလျှော်ဖြူများ အဝယ်လိုက်လာတဲ့အတွက် ဈေးနှုန်းပြန်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောပါတယ်။
“ လျှော်ဖြူတွေထဲကမှ အရည်အသွေးအကောင်းဆုံးလျှော်ဖြူတွေက ဈေးပြန်တက်လာတယ်။ တရုတ်ဘက်ကနေပြီးတော့ အဝယ်နည်းနည်းလေးပြန်လိုက်လာတော့ ဈေးနှုန်းကပြန်တက်လာတယ်။ အရည်အသွေးမရှိတဲ့ လျှော်ဖြူကျတော့ ဈေးနှုန်းကသိပ်မရဘူး”
လျှော်ဖြူဈေးနှုန်းများမှာ တစ်ပိဿာကို ကျပ် ၂၀၀၀၀ ဝန်းကျင်မှ အခုလအတွင်း လျှော်ဖြူတစ်ပိဿာကို ကျပ် ၁၀၀၀၀ ဝန်းကျင်ပြန်တက်လာကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်းဒေသကြီ ၊ မကွေးတိုင်းဒေသကြီ နဲ့ မန္တလေးတိုင်းဒေသကြီးတို့ မှာ အများဆုံးစိုက်ပျိုးနေတာဖြစ်ကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)