ချေးငွေနှင့် ငွေကြေးစီမံခန့်ခွဲမှုများကို သိနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့သတင်းအချက် အလက်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲ

22/12/2017 11:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

အများအားဖြင့် မိမိတို့မိသားစု၊ နီးစပ်ရာ သူငယ်ချင်း၊ ရွာသူရွာသားအချင်းချင်းထံမှ ချေးငွေနှင့်ပက်သက်သော သတင်းအချက်အလက်များကို ရယူလေ့ရှိကြပါသည်။ တိကျမှန်ကန်တဲ့သတင်းအချက်အလက်မရရှိပါက နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေး ဌာနများနှင့် NGO အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကျေးရွာလူကြီးများထံသို့ အသိပညာပေးခြင်းဖြင့် ထိုသူများမှ တစ်ဆင့် ရွာသူရွာသားများ အားလုံးကို ပြန်လည် အသိပညာပေးသော စနစ်ကို အသုံးပြုလျက်ရှိနေပါတယ်။

စိုက်ခင်းရဲ့ ရေရှည် ဖြစ်ထွန်းနိုင်ချေကို ကြည့်ပြီး သင့်လျော်သော ပမာဏကိုသာ ချေးယူကာ နောက်ပိုင်း ပြန်လည်ပေးဆပ်နိုင်ဖို့ အတွက်ကိုပါ ကြိုတင်တွက်ချက် စီစဉ်ထားရပါမယ်။

ချေးငွေထုတ်ပေးနိုင်မယ့် ဘဏ်များရဲ့ လိုအပ်သော သတင်းအချက် အမှန်တွေကို ပေးနိုင်မယ့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနများ၊ မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားသော NGO အဖွဲ့အစည်းများနဲ့ အတူပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်.....

‘စိုက်ပျိုးမွေးမြူရေး ဂဏ္ဍ တိုးတက်ဖို့ စနစ်ကျသော ချေးငွေ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်အမှန်ကို ရယူကြပါစို့...’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။

 

 

Download

East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်